Monday, May 9, 2016
အကြိတ်အနယ် ကစားပြီး မန်စီးတီးနှင့် အာဆင်နယ် ၂ ဂိုးစီ သရေကျ (ရုပ်သံဟိုက်လိုက်)
မေလ ၈ ရက် ညက ယှဉ်ပြိုင် သွားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီးနဲ့ အာဆင်နယ်တို့ ၂ ဂိုးစီ သရေကျ သွားခဲ့ ပါတယ်။
ချန်ပီယံလိဂ် ဝင်ခွင့် သေချာဖို့ အတွက် အပြိုင် အဆိုင်ဖြစ် နေတဲ့ ဒီနှစ်သင်းဟာ အကြိတ် အနယ် ယှဉ်ပြိုင် ခဲ့တာပါ။
ပွဲချိန် ၈ မိနစ်မှာ အဂူရိုက မန်စီးတီး အတွက် ဦးဆောင်ဂိုး သွင်းယူ ခဲ့ပါတယ်။
ပွဲချိန် ၁၀ မိနစ်မှာ ထောင့်ကန်ဘောက တဆင့် အာဆင်နယ် တိုက်စစ်မှူး ဂျရူးက ခေါင်းတိုက်ပြီး ချေပဂိုး သွင်းယူ ခဲ့လို့ ပထမပိုင်းမှာ ၁ ဂိုးစီ သရေကျ ခဲ့တာပါ။
ဒုတိယပိုင်း ၅၁ မိနစ်မှာ မန်စီးတီးမှာ ခြေစွမ်းပြနေတဲ့ ကွင်းလယ်ကစားသမား ဒီဘရိုင်းက ဦးဆောင်ဂိုး သွင်းယူပါတယ်။
ဒီနေ့ပွဲမှာ မန်စီးတီးအသင်းဟာ တိုက်စစ်ပိုင်း ထက်မြက်ခဲ့ပေမယ့် ပေါ့လျော့တဲ့ နောက်တန်းကြောင့် ချေပဂိုးတွေ ပြန်ပေးခဲ့ရပါတယ်။
ပွဲချိန် ၆၈ မိနစ်မှာတော့ မန်စီးတီးနောက်တန်းရဲ့ လူကပ်ကစားပုံ ပေါ့လျော့တဲ့အတွက် ဆန်းချက်က အာဆင်နယ်အတွက် ချေပဂိုး သွင်းယူပြီး ၂ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။
ဒီပွဲသရေကြောင့် အာဆင်နယ်က ၃၇ ပွဲကစားပြီး ၆၈ မှတ်နဲ့ အဆင့် ၃၊ မန်စီးတီးလည်း ၃၇ ပွဲကစား ၆၅ မှတ်နဲ့ အဆင့်လေးနေရာမှာ ရပ်တည်နေပါတယ်။
သူတို့ရဲ့နောက်မှာတော့ မန်ယူအသင်းက ၃၆ ပွဲ ကစားပြီး ၆၃ မှတ်နဲ့ အဆင့် ၅ နေရာမှာ ရှိနေပါတယ်။
မန်ယူအသင်းဟာ လက်ကျန်နှစ်ပွဲစလုံးနိုင်ရင် ချန်ပီယံလိဂ်ဝင်ခွင့် သေချာမှာဖြစ်သလို အဆင့် ၃ က အာဆင်နယ်အသင်းကလည်း နောက်ဆုံးပွဲစဉ် ဗီလာနဲ့ ကစားရမယ့်ပွဲမှာ ရှုံးခဲ့ရင် အဆင့် ၅ နေရာအထိ ဆင်းသွားပြီး ချန်ပီယံလိဂ်ဝင်ခွင့် လက်လွှတ်ရနိုင်ပါတယ်။
ဒါကြောင့် ဒီသုံးသင်းအတွက် ချန်ပီယံလိဂ် ဝင်ခွင့်တိုက်ပွဲဟာ နောက်ဆုံး ပွဲစဉ် ၃၈ အထိ ပြင်းထန်နေဦးမှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/148904
Labels:
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment