မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, May 8, 2016

လက်စတာအသင်း နောက်ကွယ်က အမှုဆောင်ချုပ် တစ်ဦး




ရဟတ်ယာဉ်၊ ဇိမ်ခံသင်္ဘော၊ ကိုယ်ပိုင် ဂျက်လေယာဉ် တွေနဲ့ နယူးယောက် - ပဲရစ်-ဘန်ကောက်ကို အပတ်စဉ် နီးပါး သွားလာ လှုပ်ရှားနေတဲ့ စီးပွားရေး သမား၊ ထိုင်းနိုင်ငံရဲ့ လူနေမှု ပုံစံနှင့် ဖက်ရှင် မဂ္ဂဇင်း များရဲ့ မျက်နှာဖုံးမှာ ဖော်ပြခံ ရလေ့ရှိသူ၊ လက်စတာ အသင်းရဲ့ အမှုဆောင်ချုပ် အမျိုးသမီး တစ်ဦးရဲ့ အကြောင်းကို ဖော်ပြ ပေးချင်ပါတယ်။

ဆုပွန်တစ်ချောင်ဂရန်ဆီးဟာ ကြွယ်ဝမှု ပေါင် (၁.၉) ဘီလီယံနဲ့ ထိုင်းနိုင်ငံရဲ့ စတုတ္ထ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ပြီး လက်ရှိ လက်စတာအသင်းရဲ့ ဒါရိုက်တာအဖွဲ့ကို ဦးဆောင်နေသူ တစ်ဦးလည်းဖြစ်ပါတယ်။

ဒါ့အပြင် ထိုင်း Oakley ကုမ္ပဏီရဲ့ CEO၊ California Wow ကုမ္ပဏီပိုင်ရှင်၊ အမေရိကန် ကျောက်မျက်ရတနာ ဒီဇိုင်နာ မက်သယူး ကမ်းဘဲလ်လော်ရန်ဇာတို့နဲ့အတူ Tippy & Matthew ကို တည်ထောင်သူတစ်ဦးလည်းဖြစ်ပြီး ဒီဇိုင်နာလောကထဲ ဝင်ရောက်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀) ကနေ ထိုင်းနိုင်ငံထဲမှာ သူမဟာ သြဇာအရှိဆုံး ကျော်ကြားသူတစ်ဦးအဖြစ် ရပ်တည်နေပြီး နှလုံးသားရေးရာမှာလဲ နာမည်ကြီးသူတွေနဲ့ ဆက်စပ်မှုရှိခဲ့သူလည်းဖြစ်ပါတယ်။

အသက် (၅၂) နှစ်ရှိပြီဖြစ်တဲ့ ဆုပွန်တစ်ချောင်ဂရန်ဆီးဟာ အမြဲတမ်း ဒီလိုအောင်မြင်နေတဲ့ ဘဝကို ဖြတ်သန်းလာတာ မဟုတ်ပါဘူး။

ထိုင်းနိုင်ငံ၊ တောင်ပိုင်း Chachoengsao ရဲ့ ကျေးလက်ဒေသမှာ မွေးဖွားကြီးပြင်းလာတဲ့ ဆူပွန်တစ်မှာ မွေးချင်း (၅) ဦးရှိပါတယ်။ ဆူပွန်တစ်ရဲ့ အဖေဟာ ဓာတ်ဆီ ရောင်းချမှုနဲ့ မိသားစုကို ရှာဖွေကျွေးမွေးခဲ့တယ်။ ဆူပွန်တစ် (၁၀) နှစ်အရွယ်မှာ ပဲ ဓာတ်ဆီပန့်ကိုင်ပြီး ဆီထည့်ပေးနေတာက စွန့်စား လုပ်ကိုင်လိုမှုကို သင်ပေးနေသလိုဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်မှာ ဖခင် ကွယ်လွန်ပြီးနောက် သူမဟာ စီးပွားရေးလုပ်ငန်းကြီးတွေ မလုပ်ကိုင်ခင်မှာ ဓာတ်ဆီဆိုင်၊ ကားအရောင်းပြခန်းတွေကို ဖွင့်လှစ်လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်က 124 Communications ဆက်သွယ်ရေးကုမ္ပဏီကိုလည်း တည်ထောင်ခဲ့ပါသေးတယ်။

ဆယ်စုနှစ် (၂) ခုနီးပါးအကြာ စီးပွားရေးလောကမှာ အောင်မြင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ ဆုပွန်တစ်ဟာ လက်ရှိ လက်စတာအသင်း ဥက္ကဌ ဗီချိုင်းနဲ့အတူ ၂၀၁၀၊ ဒီဇင်ဘာမှာ ကလပ်အသင်းကို တစ်ချိန်တည်းမှာ ဝင်ရောက်ခဲ့ပါတယ်။

လက်စတာအသင်းအဖွဲ့သားတွေအတွက် အားပေးမှု မက်ဆေ့ခ်ျတွေကို သူမရဲ့ လူမှုကွန်ယက်ပေါ်မှာ အသင်း မြေခွေးလိုဂိုနှင့် ပုံမှန်တင်လေ့ရှိပါတယ်။

ရင်းမြစ် - ဒေးလီးမေးလ်

မဇ္ဈိမသတင်း by mizzima

Originally published at - http://mizzimaburmese.com/article/13967

No comments:

Post a Comment