မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, May 13, 2016

ပြင်သစ်လိဂ်၏ အကောင်းဆုံး လူငယ် ကစားသမားကို ဒေါ့မွန် ခေါ်ယူ




မေ ၁၃၊ ဒေါ့မွန်

ဒေါ့မွန် အသင်းသည် ပြင်သစ် ကလပ် ရင်းနက်စ် အသင်းမှ အသက် ၁၈ နှစ် အရွယ်သာ ရှိသေးသည့် တိုက်စစ်မှူး အော့စ်မာနီဒမ် ဘီလီကို အပြီးသတ် ခေါ်ယူနိုင် ခဲ့ပြီ ဖြစ်သည်။

အဆိုပါ သတင်းကို ဒေါ့မွန် အသင်းက တရားဝင် ထုတ်ပြန် ကြေညာခဲ့သည်။ သတင်းများ၏ အဆိုအရမူ ဒေါ့မွန် အသင်းသည် ဒမ်ဘီလီ အတွက် ပြောင်းရွှေ့ကြေးယူရို ၁၅ သန်း ပေးချေ ခဲ့ရပြီး ၂၀၂၁ ခုနှစ် အထိ စာချုပ် ချုပ်ဆို ခေါ်ယူ လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။

ဒမ်ဘီလီသည် အသက် ၁၃ နှစ်အရွယ်က ရင်းနက်စ်အသင်းသို့ စတင်ရောက်ရှိခဲ့ပြီး အချိန်တိုအတွင်းမှာပင် ပြင်သစ်၏ အလားအလာအကောင်းဆုံး ကစားသမားတစ်ဦးဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ၂၀၁၅-၁၆ ရာသီတွင် ရင်းနက်စ်အသင်းအတွက် ၂၄ ပွဲပါဝင်ကစားခဲ့ပြီး ၁၂ ဂိုးသွင်းယူနိုင်ခဲ့ကာ ပြင်သစ်လိဂ်၏ တစ်နှစ်တာအကောင်းဆုံး လူငယ်ကစား သမားဆုကို ရရှိခဲ့သည်။

'ဒမ်ဘီလီက တိုက်စစ်ရဲ့ ဘယ်နေရာမှာမဆို ကစားနိုင်တဲ့သူပါ။ တစ်ဦးချင်းအနေအထားမျိုးမှာ သူက အလွန်ကောင်းပါတယ်။

လျှင်မြန်တယ်၊ ဘောလုံးကျွမ်းကျင်မှုပြည့်ဝတယ်၊ ခြေထောက်နှစ်ဘက်စလုံးနဲ့ ကောင်းကောင်းကစားနိုင်လို့ ဂိုးရှေ့မှာ အလွန်အန္တရယ်ပေးနိုင်တဲ့ ကစားသမားပါ' ဟု ဒေါ့မွန်အသင်း၏ အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က ချီးကျူးပြောဆိုခဲ့သည်။

ရည်ညွှန်း အီးအက်စ်ပီအန်

မဇ္ဈိမသတင်း by - အောင်ငြိမ်းသွေး

Originally published at - http://mizzimaburmese.com/article/14157

No comments:

Post a Comment