မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, May 11, 2016

အင်္ဂလန် လက်ရွေးစင် အသင်း လူစာရင်း ကြေညာရန် နှောင့်နှေး




မေ ၁၁၊ လန်ဒန်

ပရီးမီးယားလိဂ် နောက်ဆုံးပွဲ အပြီးတွင် ကစားသမား များ၏ ကြံ့ခိုင်မှုကို ပိုမို သုံးသပ်နိုင်ရန် အတွက် အင်္ဂလန် နည်းပြ ရွိုင်းဟော့ဒ်ဆန်သည် ကစားသမား ၂၃ ဦး စာရင်းကိုကြေညာရန် တနင်္လာနေ့ထိ အချိန် ကြန့်ကြာ နေဦးမည် ဖြစ်သည်။

မူလက ကြာသပတေးနေ့တွင် ကြေညာရန်သတ်မှတ်ထားခြင်းဖြစ်သည်။ ပြိုင်ပွဲဝင်လူစာရင်းကို ဥရောပဘောလုံးအဖွဲ့ချုပ်သို့ပေးပို့ရန် တရားဝင်သတ်မှတ်ထားသည့်ရက်မှာ မေ ၃၁ ရက်ဖြစ်သည်။

အင်္ဂလန်အသင်းသည် ဇွန် ၁၀ မှ ဇူလိုင် ၁၀ ထိ ပြင်သစ်တွင်ကျင်းပမည့် ယူရိုပြိုင်ပွဲမတိုင်မီ တူရကီ၊ သြစတြေးလျ၊ ပေါ်တူဂီတို့နှင့် ခြေစမ်းပွဲ များ ကစားမည်ဖြစ်သည်။

အာဆင်နယ်တိုက်စစ်မှူးဝဲလ်ဘတ်သည် မန်စီးတီးနှင့် နှစ်ဂိုးစီသရေကျသောပွဲတွင် ညာဘက်ဒူးဒဏ်ရာရခဲ့ပြီး ယူရိုပြိုင်ပွဲကိုလွဲဖွယ်ရှိနေပြီး အသင်းဖော်ချိန်ဘာလိန်မှာမူ ပြိုင်ပွဲကိုလွဲသွားပြီဖြစ်သည်။

ခြေထောက်ကျိုး၍ ၁၀ လနားခဲ့ရသော အာဆင်နယ်ကွင်းလယ်လူ ဝီလ်ရှီးယားနှင့် ပြီးခဲ့သည့်လက ဒူးဒဏ်ရာရခဲ့သော လီဗာပူးလ်အသင်း ခေါင်းဆောင်ဟန်ဒါဆင်တို့မှာလည်း ကြံ့ခိုင်မှုစိုးရိမ်စရာအနေအထားတွင်ရှိနေသည်။

သို့သော် လီဗာပူးလ်နည်းပြကလော့ပ်ကမူ အသက် ၂၅ နှစ်အရွယ် လီဗာပူးလ်အသင်းခေါင်းဆောင်၏ ကြံ့ခိုင်မှုကို သံသယရှိစရာမလိုကြောင်း နှင့် ပြိုင်ပွဲအတွက်အသင့်ဖြစ်နေမည်ဟု ပြောထားသည်။

Ref; BBC

မဇ္ဈိမသတင်း by - ဝေဘုန်းလူ

Originally published at - http://mizzimaburmese.com/article/14075

No comments:

Post a Comment