
မေ ၁၁၊ လန်ဒန်
မေ ၂၈ တွင် ရီးယဲလ် မက်ဒရစ်နှင့် အက်သလက် တီကို မက်ဒရစ်တို့ ကစားမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အင်္ဂလိပ် ဒိုင်လူကြီး မာ့ခ်ကလက်တန်ဘတ် ကိုင်တွယ်မည် ဖြစ်သည်။
မီလန်မြို့ရှိ ဆန်စီရိုကွင်းတွင် ကစားမည့် ယင်းပွဲတွင် ကွင်းလယ်ဒိုင် အဖြစ် အသက် ၄၁ နှစ် အရွယ် မာ့ခ်ကလက်တန်ဘတ် အပြင် အင်္ဂလိပ် ဒိုင်များဖြစ်သည့် ဆိုင်မွန်ဘက်နှင့် ဂျက်ကောလင်းတို့က လက်ထောက်ဒိုင် အဖြစ် ဆောင်ရွက်ကြမည် ဖြစ်သည်။
ထို့ပြင် အကူဒိုင်များအဖြစ် အင်္ဂလိပ်များပင်ဖြစ်သည့် တေလာ၊ မာရင်နာတို့လည်း တာဝန်ယူကြမည်ဖြစ်သည်။ ဟန်ဂေရီလူမျိုး ဗစ်တာမှာ စတုတ္ထဒိုင်အဖြစ်တာဝန်ယူမည်ဖြစ်သည်။
ပရီးမီးယားလိဂ်ဒိုင်လူကြီး မာ့ခ်ကလက်တန်ဘက်သည် အက်ဖ်အေဖလားဗိုလ်လုပွဲတွင်လည်း တာဝန်ယူကိုင်တွယ်ရဦးမည်ဖြစ်ပြီး တစ်ပတ်အကြာတွင် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တာဝန်ယူရခြင်းဖြစ်သည်။
Ref; BBC
မဇ္ဈိမသတင်း by - ဝေဘုန်းလူ
Originally published at - http://mizzimaburmese.com/article/14076

No comments:
Post a Comment