
ပြီးခဲ့တဲ့ ဇွန် ၁၆ ရက်နေ့က ယှဉ်ပြိုင် သွားတဲ့ ဂျယ်ရီဝက်ဘာ အိုးပန်း တင်းနစ် ပြိုင်ပွဲ ဒုတိယ အဆင့်မှာ ရော်ဂျာ ဖက်ဒရာ အနိုင်ရပြီး ကွာတား ဖိုင်နယ်ကို တက်ရောက် သွားပါတယ်။
ကမ္ဘာ့နံပါတ် ၁ ချန်ပီယံဟောင်းဖြစ်တဲ့ ဖက်ဒရာဟာ တူနီးရှား တင်းနစ်သမား မာလက် ဂျက်စီရီကို ၂ ပွဲပြတ်နဲ့ အနိုင်ရသွားတာပါ။
ဖက်ဒရာဟာ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ထိပ်ဆုံးက ရေပန်းစားသူလည်း ဖြစ်ပါတယ်။
အခုပြိုင်ပွဲဟာ နာမည်ကြီး တင်းနစ်သမားတွေအတွက် လာမယ့် ၀င်ဘယ်ဒန်အိုးပန်း ဂရင်းစလန်းပြိုင်ပွဲအကြို လက်ရည်သွေးတဲ့ပွဲလည်း ဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ် ဖက်ဒရာဟာ ကွာတားဖိုင်နယ်မှာတော့ ဘယ်ဂျီယံက ဒေးဗစ် ဂေါ်ဖင်နဲ့ ယှဉ်ပြိုင်ရမှာပါ။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/155119

No comments:
Post a Comment