
စပိန်လာလဂီဂါ ကလပ် အက်သလက် တီကို မက်ဒရစ် အသင်းက ဘင်ဖီကာ ကွင်းလယ် ကစားသမား နီကိုလပ်စ် ဂိုက်တန်ကို ခေါ်ယူဖို့ သဘော တူညီချက် ရသွား ပါတယ်။
တီကိုက ကွင်းလယ်လူ ဂိုက်တန်ကို ပေါ်တူဂီ ကလပ် ကနေ ပေါင် ၁၉ သန်းကျော်နဲ့ ခေါ်ယူ လိုက်တာပါ။
မန်ယူကလည်း အသက် ၂၈ နှစ်အရွယ် ဂိုက်တန်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ လုပ်ခဲ့ပါတယ်။
အာဂျင်တီးနားလက်ရွေးစင် ကစားသမားဟာ ကိုပါဖလား ပြိုင်ပွဲအပြီးမှာ တီကိုအသင်းကို သွားရောက်မှာပါ။
သူဟာ ဘင်ဖီကာအသင်းမှာ ကစားတဲ့ ၆ နှစ် သက်တမ်းအတွင်း ပွဲပေါင်း ၂၀၀ ကစားပြီး ၃၂ ဂိုး သွင်းယူပေးထားပါတယ်။
ဘင်ဖီကာနဲ့အတူ ပေါ်တူဂီ အမှတ်ပေးလိဂ် ချန်ပီယံဆုကို ၃ နှစ်ဆက်တိုက် ရရှိထားသလို ယူရိုပါလိဂ်မှာတော့ ၂ ကြိမ် ဒုတိယ ရထားပါတယ်။
ဂိုက်တန်ဟာ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာကနေ ၂၀၁၀ မှာ ဘင်ဖီကာကို ရောက်ရှိလာသူ ဖြစ်ပါတယ်။
နီကိုလပ်စ် ဂိုက်တန်(၀ဲ)။ (ဓာတ်ပုံ - ရိုက်တာ)
ဘီ by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/155108

No comments:
Post a Comment