
ယူရိုပြိုင်ပွဲ အုပ်စု စီ က နာမည်ကြီး ဂျာမနီ အသင်းဟာ ပိုလန်နဲ့ ဂိုးမရှိ သရေကျ သွားပါတယ်။
၂ သင်း စလုံးဟာ ခြေစစ်ပွဲမှာ တုန်းကလည်း တအုပ် စုတည်း ဖြတ်သန်း လာပြီး အပြန်အလှန် အနိုင်ရ ထားပါတယ်။
ပိုလန် တိုက်စစ်မှူး မီလစ် ဒုတိယ ပိုင်းမှာရတဲ့ အခွင့်အရေး တော်တော် များများကို ဖြုန်းတီး ပစ်လို့ အနိုင်ရလဒ်နဲ့ လွဲချော် သွားတာပါ။
ဂျာမနီက ဂေါ်ဇီနဲ့ အိုဇေးတို့ရဲ့ ကန်ချက်တွေကို ဂိုးသမား ဖေဘီယန်စကီး ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ ဂျာမနီက ဘောလုံးကို ထိန်းချုပ်ကစားနိုင်ပြီး ကန်သွင်းခွင့်တွေလည်း ပိုရခဲ့ပါတယ်။
ဂျာမန်နည်းပြကတော့ ခံစစ်ကစားပုံအပေါ် ကျေနပ်ပြီး အခွင့်အရေးတွေကို သိပ်မဖန်တီးနိုင်ခဲ့ဘူးလို့ ပွဲအပြီးမှာ ပြောပါတယ်။
ဒီပွဲသရေကျလို့ ဂျာမနီက အုပ်စုတွင်းမှာ ၄ မှတ်နဲ့ ဦးဆောင်နေပြီး ပိုလန်ကလည်း ၄ မှတ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။
အုပ်စု နောက်ဆုံးပွဲစဉ်မှာ ဂျာမနီက မြောက်အိုင်ယာလန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး သရေကျရုံနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/155102

No comments:
Post a Comment