
ယူကရိန်း အသင်းသည် မြောက် အိုင်ယာလန် အသင်းကို (၀-၂) ဂိုးဖြင့် ရှုံးနိမ့်ပြီး နှစ်ပွဲဆက် ရှုံးပွဲ ကြုံတွေ့ ခဲ့သည့် အတွက် အုပ်စုတွင်း အောက်ဆုံး နေရာသို့ ရောက်ရှိ ခဲ့သည်။
ထို့ပြင် ဂျာမနီနှင့် ပိုလန် ပွဲစဉ်တွင် သရေ ရလဒ်ဖြင့် အမှတ် ခွဲယူ ခဲ့သည့် အတွက် ဂျာမနီနှင့် ပိုလန် တို့က (၄) မှတ်စီ ရရှိ သွားပြီး မြောက် အိုင်ယာလန် အသင်းက (၃) မှတ် ရရှိနေသည်။
ထို့ကြောင့် အမှတ် မရရှိ သေးသည့် ယူကရိန်း အသင်း အနေဖြင့် အုပ်စု နောက်ဆုံး ပွဲတွင် ပိုလန်ကို အနိုင် ရရှိခဲ့ လျှင်ပင် Head to Head အရ မြောက် အိုင်ယာလန် အသင်းကို ကျော်ဖြတ်နိုင်မည် မဟုတ်တော့သည့် အတွက် အုပ်စု နောက်ဆုံး နေရာဖြင့် ပြိုင်ပွဲမှ ထွက်ခွာ ခဲ့ရခြင်း ဖြစ်သည်။
Eleven Media Group
Originally published at - http://news-eleven.com/euro-2016/20665






No comments:
Post a Comment