
အီတလီ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ တာဗက် ချီယိုက အီတလီ အသင်းသည် ယူရို - ၂၀၁၆ ချန်ပီယံ ဆုကို ချိန်ရွယ် ထားကြောင်း ကြုံးဝါး ခဲ့သည်။
တာဗက်ချီယိုက "ကျွန်တော် တို့ရဲ့ ရည်မှန်း ချက်က ပါရီမြို့မှာ ကျင်းပမယ့် ဗိုလ်လုပွဲ တက်ရောက် နိုင်ဖို့ပါ။ ဒါကို အရင် ကလည်း ကျွန်တော် ပြောဖူး ပါတယ်။ အီတလီဟာ ဗိုလ်စွဲဖို့ ယှဉ်ပြိုင် ကစား နေတာဖြစ်ပြီး ဒုတိယတောင် မလိုချင် ပါဘူး"ဟု ပြောကြား ခဲ့သည်။
အီတလီအသင်းတွင် (၂၅)နှစ်နှင့်အောက် ကစားသမား(၇)ဦးသာပါဝင်ပြီး အရွယ်လွန်အသင်းဟု ဝေဖန်ခံခဲ့ရသော်လည်း အုပ်စုအဖွင့်ပွဲတွင် ဘယ်လ်ဂျီယံအသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရခဲ့သည်။
Eleven Media Group
Originally published at - http://news-eleven.com/euro-2016/20666

No comments:
Post a Comment