ယူကရိန်းနှင့် ပွဲတွင် အားပေးနေသည့် မြောက် အိုင်ယာလန် ပရိသတ်များ (Photos : AFP) |
မြောက် အိုင်ယာလန် အသင်း ယူရို - ၂၀၁၆ အုပ်စု အဖွင့်ပွဲစဉ် ကစား ခဲ့သည့် ရက်ပိုင်း အတွင်း နိုက်စ်မြို့တွင် မြောက် အိုင်ယာလန် ပရိသတ် တစ်ဦး ကျေက်ဆောင်ပေါ်သို့ ပြုတ်ကျ
သေဆုံးမှု ဖြစ်ပွား ခဲ့ပြီးနောက် ယခု အခါ လိုင်ယွန်မြို့တွင် ပရိသတ် တစ်ဦး ထပ်မံ သေဆုံး ခဲ့ပြန်ကြောင်း သိရှိ ရသည်။
ယခုသေဆုံး ခဲ့သည့်ပရိသတ်မှာ မြောက် အိုင်ယာလန်နှင့် ယူကရိန်း အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့သည့် ပွဲစဉ်တွင် ကွင်းအတွင်း သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ပွဲစဉ်ကို လိုင်ယွန်မြို့တွင် ယှဉ်ပြိုင်ကစား ခဲ့ခြင်းဖြစ်ပြီး မြောက်အိုင်ယာလန် အသင်းက ယူကရိန်း အသင်းကို အဖွင့်ဂိုး သွင်းယူပြီး မိနစ်ပိုင်း အတွင်း သေဆုံး ခဲ့ခြင်းလည်း ဖြစ်သည်။
အသက် (၆၀) ၀န်းကျင် ရှိမည်ဟု ခန့်မှန်း ထားသည့် အဆိုပါ မြောက် အိုင်ယာလန် ပရိသတ်သည် စိတ်ခံစားမှုကို မထိန်းသိမ်းနိုင်သည့် အတွက် နှလုံးကို ထိခိုက်ကာ သေဆုံး ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။
ယခုဖြစ်ရပ် အတွက် မြောက်အိုင်ယာလန် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် မြောက်အိုင်ယာလန် အားကစား ၀န်ကြီးတို့က ၀မ်းနည်းကြေကွဲ ရကြောင်း ပြောကြား ခဲ့ကြသည်။
Eleven Media Group
Originally published at - http://news-eleven.com/euro-2016/20678
No comments:
Post a Comment