
ပြင်သစ်နိုင်ငံမှ ဂျာမနီနိုင်ငံသို့ ရောက်ရှိ လာသည့် ရုရှား ဆိုးသွမ်း ပရိသတ် (၆) ဦးသည် စပိန်လူမျိုး ခရီးသွား များကို ရန်ပြု တိုက်ခိုက် ခဲ့သဖြင့် ဖမ်းဆီးခံ ခဲ့ရကြောင်း သိရသည်။
အဆိုပါ ဆိုးသွမ်း ပရိသတ် (၆) ဦးမှာ အသက် (၂၆) နှစ်မှ (၃၀)နှစ် အကြား လူလတ် ပိုင်းများ ဖြစ်ကြပြီး မာဆေးလ်မှ ကိုလုံးမြို့သို့ အရောက်တွင် ဖမ်းဆီး ခံခဲ့ ရခြင်းဖြစ်သည်။
၎င်းတို့မှာ စပိန် ခရီးသွား (၂)ဦးနှင့် လမ်းညွှန် တစ်ဦးကို ရန်ပြုခဲ့ပြီး ယင်းကဲ့သို့ တိုက်ခိုက် မှုကြောင့် အဆိုပါ (၃) ဦးအနက် တစ်ဦးမှာ ဒဏ်ရာ အပြင်း အထန် ရရှိခဲ့ကြောင်း သိရသည်။
(Photo : AFP)
Eleven Media Group
Originally published at - http://news-eleven.com/euro-2016/20695





No comments:
Post a Comment