မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, June 18, 2016

အီဒါရဲ့ဂိုးနဲ့ ဆွီဒင်ကို အနိုင်ယူပြီး နောက်တစ်ဆင့်တက်ခဲ့တဲ့ အီတလီ




ယူရို-၂၀၁၆ အုပ်စု (E) ဒုတိယမြောက် ပွဲစဉ် အဖြစ် အီတလီနဲ့ ဆွီဒင်တို့ ကစား ခဲ့တဲ့ပွဲမှာ အီတလီ အသင်းဟာ တိုက်စစ်မှူး အီဒါရဲ့ တစ်လုံး တည်းသော အနိုင်ဂိုးနဲ့ အတူ ဆွီဒင်ကို အနိုင် ရခဲ့ပြီး နောက်တစ်ဆင့် တက်ရောက် ခဲ့ပါတယ်။

အီတလီ အသင်းနည်းပြ ကွန်တီဟာ ဘယ်လ်ဂျီယံ နဲ့ပွဲ လူစာရင်းက ဒါမီယန်နေရာမှာ ဖလော်ရန်ဇီကို ပွဲထုတ် ခဲ့တာကလွဲပြီး အပြောင်း အလဲ မလုပ်ခဲ့ သလို၊ ဆွီဒင် အသင်းမှာလည်း အီဘရာဟီမိုဗစ်၊ ကယ်လ်စထရွန်၊ လာဆင်၊ ဂွီဒက်တီ စတဲ့ကစားသမားအစုံအလင်ပါဝင်ခဲ့တယ်။ နှစ်သင်းစလုံးဟာ အမှားဖြစ်မှာကို စိုးရိမ်ပြီး ထိန်းကစားနေတဲ့ အတွက် ပွဲချိန် အများစုမှာ ပွဲက အေးနေခဲ့ပြီး တစ်ဖက်နဲ့ တစ်ဖက် သိသိသာသာ ခြိမ်းခြောက်နိုင် တာမျိုး မရှိခဲ့ဘူး။

ဒုတိယပိုင်းမှာ ကွန်တီဟာ ဇာဇာ၊ မော့တာ၊ စတူအာရိုတို့ကို ထည့်သွင်းခဲ့ပြီး နောက်ပိုင်းမှ အီတလီကစားကွက် လှုပ်လာခဲ့ပြီး (၈၂)မိနစ်မှာ ကွင်းလယ်လူ ပါရိုလိုရဲ့ အပိုင်ခေါင်းတိုက်ချက် တိုင်ထိထွက်သွားလို့ အီတလီအသင်း နစ်နာ ခဲ့ရတယ်။

ဒါပေမဲ့ (၆)မိနစ်အကြာမှာပဲ အီတလီအသင်း ဂိုးရခဲ့ပြီး တိုက်စစ်မှူး အီဒါက ဆွီဒင်နောက်ခံလူတွေကို ကျော်ဖြတ်ကာ ဂိုးဧရိယာထိပ်ကနေ အပြင်းကန်သွင်းခဲ့တာပါ။

ဒီဂိုးပေးလိုက်ရတာဟာ ဆွီဒင်ကစားသမားတွေ အီဒါကို ပြတ်ပြတ်သားသား မဖြတ်ထုတ်နိုင်ခဲ့တာကြောင့် ပေးလိုက်ရတာလည်းဖြစ်ပါတယ်။ ပွဲပြီးခါနီးမှာ ဆွီဒင်တို့ ပယ်နယ်တီရနိုင်တဲ့အနေအထားမျိုး ရခဲ့ပေမယ့် ဒိုင်လူကြီး ကတ်ဆိုင်းက မပေးခဲ့ပါဘူး။

Photo : AFP

Eleven Media Group

Originally published at - http://news-eleven.com/euro-2016/20707

No comments:

Post a Comment