
ဇွန် ၁၇ ရက်နေ့က ယှဉ်ပြိုင် ကစား ခဲ့တဲ့ ယူရို ပြိုင်ပွဲ အုပ်စု (အီး) မှာ နာမည်ကြီး အီတလီက ပွဲပြီး ကာနီး သွင်းတဲ့ အနိုင်ဂိုးနဲ့ ဆွီဒင်ကို ကပ်ပြီး အနိုင်ရ သွားပါတယ်။
အီတလီ အတွက် တလုံး တည်းသော အနိုင်ဂိုးကို ၈၈ မိနစ်မှာ တိုက်စစ်မှူး အက်ဒါက သွင်းယူ ပါတယ်။ ဒီပွဲနိုင်လို့ အီတလီဟာ ၂ ပွဲကစား ၂ ပွဲနိုင် ၆ မှတ်နဲ့ ရှုံးထွက် အဆင့်ကို တက်ရောက် သွားပါတယ်။
ဆွီဒင် အသင်းဟာ ဒီပွဲမှာ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ဖိအားပေး ကစားနိုင် aပမယ့် အီတလီက ထိုးဖောက် ကန်သွင်းခွင့် ပိုရခဲ့ ပါတယ်။
အီတလီအသင်း ဒီပွဲမှာ ထိထိရောက်ရောက် ထိုးဖောက် ကန်သွင်းခွင့်တော့ မရပါဘူး။ အီတလီအသင်း နောက်တန်းသမား ချယ်လိုင်နီ ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
အီတလီဟာ အုပ်စုနောက်ဆုံး ပွဲစဉ်မှာ အိုင်ယာလန်နဲ့ ယှဉ်ပြိုင်ရမှာပါ။ ဆွီဒင်ကတော့ ဘယ်ဂျီယံနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အနိုင်ရရင် နောက်တဆင့်ကို တက်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/155248

No comments:
Post a Comment