
ဇွန် ၁၇ ရက်နေ့က ယှဉ်ပြိုင် ကစား ခဲ့တဲ့ ယူရို ပြိုင်ပွဲ အုပ်စု (ဒီ)မှာ လက်ရှိ ချန်ပီယံ စပိန် အသင်းက တူရကီကို ၃ ဂိုးပြတ်နဲ့ အနိုင်ရ သွားပါတယ်။
စပိန် အသင်းဟာ ဒီနှစ် ယူရို ပြိုင်ပွဲမှာ ၂ ဂိုးနဲ့ အထက် သွင်းနိုင်တဲ့ အသင်း အဖြစ်လည်း မှတ်တမ်း ၀င်သွား ပါတယ်။ ဒီပွဲနိုင်လို့ စပိန်ဟာ ရှုံးထွက် အဆင့်ကို တက်ရောက် သွားပါတယ်။
စပိန်အတွက် အနိုင်ဂိုးတွေကို မိုရက်တာနဲ့ နိုလီတိုတို့က သွင်းယူပါတယ်။ ဒီပွဲမှာ စပိန်အသင်းက တဖက်သတ် ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပြီး ထိုးဖောက် ကန်သွင်းခွင့် အကြိမ်ရေလည်း ပိုရခဲ့ပါတယ်။
စပိန်ဟာ ယူရိုပြိုင်ပွဲမှာ ၁၄ ပွဲအထိ ရှုံးပွဲမရှိသေးတဲ့ စံချိန်ကို ထိန်းနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ တူရကီနည်းပြကတော့ တဦးချင်း အမှားကနေ ၂ ဂိုး ပေးလိုက်ရတာလို့ ပြောပါတယ်။
၂ ပွဲဆက်တိုက် ရှုံးတဲ့ တူရကီဟာ အုပ်စုအဆင့်ကနေ လှည့်ပြန်သွားရပြီ ဖြစ်ပါတယ်။ စပိန်ဟာ နောက်ဆုံးပွဲစဉ်မှာ ချက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။
by DVB
Originally published at - http://burmese.dvb.no/archives/155252

No comments:
Post a Comment