မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, June 18, 2016

ချက် ၂-၂ ခရိုအေးရှား (ရုပ်သံဟိုက်လိုက်)




ဇွန် ၁၇ ရက်နေ့က ယှဉ်ပြိုင် ကစား ခဲ့တဲ့ ယူရို ပြိုင်ပွဲ အုပ်စု (ဒီ) ပွဲစဉ်မှာ ခရိုးအေရှားနဲ့ ချက် အသင်းတို့ ၂ ဂိုးစီ သရေ ကျသွား ပါတယ်။

ခရိုအေးရှား အသင်းဟာ ၂ ဂိုး အသာနဲ့ ဦးဆောင် ကစားပြီးမှ ချေပဂိုးတွေ ပြန်လည် ပေးလိုက် ရတာပါ။

ဒီပွဲမှာ ခရိုအေးရှား ခြေစွမ်း အသာနဲ့ ထိမ်းချုပ် ကစားနိုင် ခဲ့ပါတယ်။ ဦးဆောင်ဂိုးကို ၃၇ မိနစ်မှာ ပါဆစ်က သွင်းယူပြီး ဒုတိယ ဂိုးကို ၅၉ မိနစ်မှာ ရာကစ်တစ်က သွင်းယူ ပါတယ်။

ချက်အတွက် ချေပဂိုးကို ၇၆ မိနစ်မှာ စကိုဒါက သွင်းယူပြီး ဒုတိယ ချေပဂိုးကို ၈၉ မိနစ်မှာ ပင်နယ်တီကနေတဆင့် နေဆစ်က သွင်းယူပါတယ်။

ဒီပွဲမှာ ခရိုအေးအသင်းရ့ ထိုးဖောက် ကန်သွင်းချက် တော်တော်များများကို ချက်ဂိုးသမား ပီတာချက် လက်စွမ်းပြ ကာကွယ်မှုတွေ လုပ်နိုင်ခဲ့ပါတယ်။

ဒီပွဲ သရေကျလို့ ခရိုအေးရှားက ၄ မှတ်နဲ့ အုပ်စု (ဒီ) ရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး ချက်ကတော့ ၁ မှတ်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။

ခရိုအေရှားက အုပ်စု နောက်ဆုံးပွဲစဉ်မှာ စပိန်နဲ့ ကစားရမှာ ဖြစ်ပြီး သရေကျရုံနဲ့ ရှုံးထွက်အဆင့်ကို တက်နိုင်မှာပါ။ ချက်ကတော့ တူရကီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး အနိုင်ရမှ ရှုံးထွက်အဆင့်ကို တက်ဖို့ မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/155255

No comments:

Post a Comment