မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, June 19, 2016

အုပ်စုအက်ဖ် ပွဲစဉ် ၂ ခုလုံး သရေကျ၊ ရော်နယ်ဒို ပင်နယ်တီလွဲ (ရုပ်သံဟိုက်လိုက်)




ဇွန် ၁၈ ရက်နေ့က ယှဉ်ပြိုင် သွားတဲ့ ယူရို ၂၀၁၆ အုပ်စု (အက်ဖ်) ပွဲစဉ်တွေမှာ အိုင်စလန်နဲ့ ဟန်ဂေရီတို့ တဖက် ၁ ဂိုးစီ သရေကျ သွားသလို ပေါ်တူဂီနဲ့ သြစတြီးယား တို့လည်း ဂိုးမရှိ သရေကျ ခဲ့ပါတယ်။

အိုက်စလန်က ၁ ဂိုးနဲ့ ဦးဆောင် ကစားခဲ့ပြီး ပွဲပြီးဖို့ ၂ မိနစ် အလိုမှပဲ ဘာကာ ဆေဗာဆွန် ကိုယ့်ဂိုး ကိုယ်ပြန်သွင်းမိလို့ သရေကျခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ဟန်ဂေရီအသင်းက ဘောလုံးပိုင်ဆိုင်မှု ပိုရခဲ့ပြီး ပထမပိုင်း ပြီးခါနီး ၆ မိနစ် အလိုမှာ အိုင်စလန်က ပင်နာတီရခဲ့လို့ ၁ ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဟန်ဂေရီ အသင်းဟာ အုပ်စုအဖွင့်ပွဲမှာ သြစတြီးယားကို အနိုင်ရတဲ့ အသင်း ဖြစ်ပြီး အိုင်စလန်ကတော့ အဖွင့်ပွဲမှာ ပေါ်တူဂီနဲ့ တဂိုးစီ သရေကျထားပါတယ်။

ဇွန် ၁၈ ရက်နေ့မှာပဲ ယှဉ်ပြိုင်သွားတဲ့ အုပ်စု (အက်ဖ်) နောက်တပွဲမှာတော့ ပေါ်တူဂီနဲ့ သြစတြီးယားတို့ ဂိုးမရှိ သရေကျခဲ့ပါတယ်။

ဒီပွဲမှာ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒို ပင်နယ်တီ ကန်ချက် လွဲချော်ခဲ့တဲ့အတွက် အခုဆိုရင် နာမည်ကြီး ပေါ်တူဂီအသင်းလည်း အုပ်စုက တက်ဖို့ ရုန်းကန်ရမယ့် အနေအထား ဖြစ်နေပါတယ်။





by DVB

Originally published at - http://burmese.dvb.no/archives/155380

No comments:

Post a Comment