
ယူရို ၂၀၁၆ အုပ်စု ဘီ နောက်ဆုံး ပွဲစဉ် အဖြစ် ဝေးလ်စ်နဲ့ ရုရှားတို့ ဇွန် ၂၀ ရက်က ယှဉ်ပြိုင်ရာ ဝေးလ်စ်က ၃ ဂိုး ဂိုးမရှိနဲ့ အနိုင် ယူပြီး ရှုံးထွက် အဆင့်ကို တက်ရောက် သွားပါတယ်။
ဝေးလ်စ် အသင်းဟာ ဒီပွဲ အနိုင်ရမှ နောက်တဆင့် တက်ဖို့ စိတ်ချ ရမှာဖြစ်လို့ အားကြိုး မာန်တက် ကစားသွား ခဲ့တာပါ။
ဒီပွဲမှာ နှစ်ဘက် ဘောလုံးပိုင်ဆိုင်မှု သိပ်မကွာဟပေမယ့် ဂိုးကန်သွင်းခွင့်၊ ဂိုးပေါက်ခြိမ်းခြောက်နိုင်တာတွေမှာတော့ ဝေးလ်စ်အသင်းက အသာရခဲ့ပါတယ်။
ဝေးလ်စ်အတွက် ဂိုးတွေကို ၁၁ မိနစ်မှာ ရမ်ဆေး၊ မိနစ် ၂၀ မှာ တေလာနဲ့ ၆၇ မိနစ်မှာ ဘေးလ်တို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။
ဒီပွဲမှာ ခြေစွမ်းပြကစားပြီး အဖွင့်ဂိုးပါ သွင်းယူပေးနိုင်ခဲ့တဲ့ ရမ်ဆေးကို ဒီပွဲအတွက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒီပွဲအနိုင်ရတဲ့အတွက် ဝေးလ်စ်အသင်းဟာ ရမှတ် ၆ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီး ရုရှားကတော့ သုံးပွဲကစားပြီး ရမှတ် တမှတ်နဲ့ အုပ်စုအဆင့်ကနေပဲ ထွက်သွားရပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/155697

No comments:
Post a Comment