
ယူရို ၂၀၁၆ အုပ်စုဘီ နောက်ဆုံး ပွဲစဉ် အဖြစ် ဆလို ဗက်ကီးယားနဲ့ အင်္ဂလန်တို့ ယှဉ်ပြိုင်ရာ ဂိုးမရှိ သရေကျ ခဲ့ပါတယ်။
ဒီပွဲမှာ အင်္ဂလန် အသင်းဟာ ဝေးလ်စ် အသင်းကို အနိုင်ရ ခဲ့တဲ့ လူစာရင်းကနေ ၆ ဦးအထိ အပြောင်းအလဲ လုပ်ခဲ့ သလို အသင်းခေါင်းဆောင် ၀ိန်းရွန်နီကိုလည်း ဒုတိယ ပိုင်းမှ ထုတ်သုံး ခဲ့ပါတယ်။
အင်္ဂလန်က ဘောလုံး ပိုင်ဆိုင်မှု အသာ၊ ဂိုးကန်သွင်းခွင့် အသာစီး ရခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးတော့ မရခဲ့ပါဘူး။
အုပ်စုဘီက ပွဲစဉ်တွေ အားလုံးအပြီးမှာ ဝေးလ်စ်က နှစ်ပွဲနိုင် ၆ မှတ်နဲ့ အုပ်စုပထမ၊ အင်္ဂလန်က တပွဲနိုင်၊ နှစ်ပွဲသရေ ၅ မှတ်နဲ့ အုပ်စုဒုတိယ၊ ဆလိုဗက်ကီးယားက တပွဲနိုင်၊ တပွဲသရေ ၄ မှတ်နဲ့ အုပ်စု တတိယ၊ ရုရှားက တပွဲသရေ ၁ မှတ် အသီးသီးရရှိပါတယ်။
အုပ်စု ပထမနဲ့ ဒုတိယရ ဝေးလ်စ်နဲ့ အင်္ဂလန်တို့ ရှုံးထွက်အဆင့်ကို တက်ရောက်သွားပြီး ဆလိုဗက်ကီးယားကတော့ အကောင်းဆုံး အုပ်စုတတိယနဲ့ နောက်တဆင့်တက်နိုင်ဖို့ ကျန်တဲ့ အုပ်စုပွဲစဉ်တွေ ပြီးတဲ့အထိ စောင့်ရမှာဖြစ်ပါတယ်။
ရမှတ် တမှတ်သာရတဲ့ ရုရှားအသင်းကတော့ အုပ်စုအဆင့် ကနေပဲ လှည့်ပြန် သွားရ ပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/155700

No comments:
Post a Comment