Tuesday, June 14, 2016
ကိုပါအမေရိက မက္ကဆီကို ၁ – ၁ ဗင်နီဇွဲလား၊ ဥရုဂွေး ၃ – ၀ ဂျမေကာ (ရုပ်သံဟိုက်လိုက်)
ဇွန် ၁၄ ရက်မှာ ကစားတဲ့ ကိုပါအမေရိက အုပ်စု စီက မက္ကဆီကိုနဲ့ ဗင်နီဇွဲလားတို့ ၁ ဂိုးစီ သရေကျပြီး ဥရုဂွေးက ဂျမေကာကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
မက္ကဆီကိုနဲ့ ဗင်နီဇွဲလားတို့ဟာ အုပ်စုကနေ ဒုတိယအဆင့်ကို တက်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။
ပွဲစပြီး ၁၀ မိနစ်မှာ ဗင်နီဇွဲလားအသင်းက အဖွင့်ဂိုး စတင်သွင်းယူခဲ့ပြီး ပထမပိုင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။
ဒုတိယပိုင်း မိနစ် ၈၀ ရောက်မှသာ မက္ကဆီကိုအသင်းက ချေပဂိုး ပြန်လည်သွင်းယူခဲ့တဲ့အတွက် ၁ ဂိုးစီ သရေကျခဲ့ပါတယ်။
ဒီပွဲမှာတော့ ဘောလုံးပိုင်ဆိုင်ခွင့်နဲ့ ဂိုးပေါက်ကန်သွင်းခွင့်တွေကို မက္ကဆီကိုအသင်းက အသာစီး ရယူထားပါတယ်။
အုပ်စု စီ ဒုတိယပွဲမှာတော့ ဥရုဂွေးက ဂျမေကာအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
၂၁ မိနစ်မှာ ဥရုဂွေးအသင်းက အဖွင့်ဂိုး စတင်သွင်းယူပြီး ၁ ဂိုး ဂိုးမရှိနဲ့ ပထမပိုင်းကို ဦးဆောင်ခဲ့ပါတယ်။
ဒုတိယပိုင်း ၆၇ မိနစ်မှာတော့ ဂျမေကာက ကိုယ့်ဂိုးကိုယ်သွင်းမိလို့ ဥရုဂွေးတို့ ဒုတိယဂိုး ရရှိခဲ့သလို ၈၉ မိနစ်မှာ တတိယဂိုး ထပ်မံသွင်းယူသွားပြီး ၃ဂိုး ဂိုးမရှိနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။
အုပ်စု စီမှာ ၃ ပွဲကစားအပြီး မက္ကဆီကိုက ၇ မှတ်နဲ့ ပထမ၊ ဗင်နီဇွဲလားက ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် ဒုတိယ ရရှိခဲ့ပြီး ဒုတိယအဆင့်ကို တက်ရောက်သွားပါတယ်။
ဥရုဂွေးကတော့ ၃ မှတ်နဲ့ အုပ်စု တတိယ၊ ဂျမေကာကတော့ တမှတ်မှ မရရှိဘဲ ၂ သင်းစလုံး အုပ်စုအဆင့်ကနေ ထွက်သွားရပါတယ်။
ဒီဗွီဘီ by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/154634
Labels:
ဘောလုံးပွဲ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment