
ဇွန် ၁၂ရက်က ကစားခဲ့တဲ့ ရုရှားနဲ့ အင်္ဂလန်ပွဲ အပြီး ၂ ဖက် ဘောလုံး ပရိသတ်တွေ အဓိကရုဏ်း ဖြစ်ပွားခဲ့တဲ့ အတွက် ရုရှား ဘောလုံး အသင်းကို ဆိုင်းငံ ယူရို ပြိုင်ပွဲ ကစားခွင့်နဲ့ ယူရို ၁ သိန်းခွဲ ဒဏ်ငွေ ရိုက်ဖို့ ဥရောပ ဘောလုံး အဖွဲ့ချုပ်က ချမှတ် လိုက်ပါတယ်။
ဒဏ်ငွေကိုတော့ ရုရှားဘောလုံး အဖွဲ့ချုပ်က ပေးဆောင်ရမှာ ဖြစ်ပါတယ်။
ရုရှားအသင်း ကစားဖို့ ကျန်ရှိနေတဲ့ လက်ကျန် ယူရို ပွဲစဉ်တွေမှာ အလားတူ အဓိကရုဏ်းတွေ ထပ်ဖြစ်လာရင် ရုရှား အသင်း အနေနဲ့ ယူရိုပြိုင်ပွဲ ကစားခွင့်ကို ရုပ်သိမ်း သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဆုံးဖြတ်ချက်အပေါ် အယူခံဝင်ပိုင်ခွင့်ရှိတယ်လို့လည်း ဥရောပဘောလုံးအဖွဲ့ချုပ်က ဆိုပါတယ်။ ပရိသတ်တွေရဲ့ လူမျိုးရေး ခွဲခြားမှု မီးရှုးမီးပန်း ပစ်ဖောက်မှုတွေအတွက်လည်း ရုရှားက စွဲဆိုခံနေရပါတယ်။
အဓိကရုဏ်းမှာ ပါဝင်တယ်လို့ ယူဆရတဲ့ ရုရှား ပရိသတ် ၅၀ ဦးကို ပြင်သစ်ကနေ နယ်နှင် ဒဏ်ပေးခဲ့တယ်လို့လည်း ပြင်သစ် ရဲတပ်ဖွဲ့က ကြေညာပါတယ်။
မာဆေးမှာ အင်္ဂလန်နဲ့ကစားတဲ့ပွဲမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် လူ ၃၅ ဦးလည်း ဆေးရုံမှာ ကုသခံနေရပါတယ်။
ဓာတ်ပုံ - Getty images
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/154797





No comments:
Post a Comment