မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, June 15, 2016

ယူရို ၂၀၁၆ ပွဲစဉ် ပေါ်တူဂီနှင့် အိုက်စလန် သရေကျ (ရုပ်သံဟိုက်လိုက်)




ဇွန် ၁၅ ရက် မနက်ပိုင်းမှာ ကစား သွားတဲ့ ယူရို ၂၀၁၆ အုပ်စု အက်ဖ်က ပေါ်တူဂီနဲ့ အိုက်စလန်တို့ ပွဲစဉ်မှာ တဘက် တဂိုးစီ သရေကျ သွားပါတယ်။

ပထမပိုင်း ၃၁ မိနစ်မှာ ပေါ်တူဂီ အသင်းက နာနီ အဖွင့်ဂိုး သွင်းယူပြီး ပွဲကို ဦးဆောင် ခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒုတိယပိုင်း မိနစ် ၅၀ မှာတော့ အိုက်စလန် အသင်းက ချေပဂိုး သွင်းယူ သွားပါတယ်။

ဒီပွဲမှာ ပေါ်တူဂီ အသင်း ဘောလုံး ပိုင်ဆိုင်မှုနဲ့ ဂိုးပေါက် ကန်သွင်းမှု အသာစီး ရယူ ထားခဲ့ ပါတယ်။

ပေါ်တူဂီက ရော်နယ်ဒိုလည်း ဒီပွဲမှာ ကန်သွင်းခွင့်နဲ့ ခေါင်းတိုက်ခွင့်တွေ ရရှိခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။

အိုက်စလန်အသင်းက ဂိုးသမား လက်စွမ်းပြ ကာကွယ်သွားနိုင်သလို သေချာပေါက် ဂိုးသွင်းခွင့် ၈ ကြိမ်တိတိ ကာကွယ်သွားပါတယ်။

နာမည်ကြီးတဲ့ ဘောလုံးကလပ်အသင်း မရှိသလို လူဦးရေ ၃ သိန်း ၃ သောင်းသာရှိတဲ့ အိုက်စလန်တို့ ယူရိုဖွင့်ပွဲမှာ ၁ မှတ် ရယူသွားနိုင်ခဲ့ပါတယ်။

ဒီအတွက် အုပ်စုအက်ဖ်မှာ ဟန်ဂေရီက ၁ ပွဲနိုင် ၃ မှတ်နဲ့ ပထမ၊ ပေါ်တူဂီက ၁ ပွဲကစား ၁ပွဲသရေ ၁ မှတ်၊ အိုက်စလန်က ၁ ပွဲကစား ၁ ပွဲသရေ ၁ မှတ်နဲ့ သြစတြီးယားကတော့ တပွဲကစား တပွဲရှုံးနဲ့ အမှတ်မရသေးပါဘူး။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/154819

No comments:

Post a Comment