မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, June 15, 2016

ကိုပါဖလားပွဲ ချီလီ ၄ – ၂ ပနားမား၊ အာဂျင်တီးနား ၃ – ၀ ဘိုလီးဗီးယား (ရုပ်သံဟိုက်လိုက်)




ကိုပါ အမေရိက အုပ်စု ဒီ နောက်ဆုံး ပွဲစဉ်မှာ ချီလီက ပနားမားကို ၄ ဂိုး ၂ ဂိုး၊ အာဂျင်တီးနားက ဘိုလီးဗီးယားကို ၃ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရရှိ သွားပါတယ်။



ပထမ ပွဲစဉ် ချီလီနဲ့ ပနားမား ပွဲမှာတော့ ပနားမားက ဗွေဆော်ဦး ဂိုးကို ပထမပိုင်း ၅ မိနစ်မှာ သွင်းယူ ပါတယ်။

ချီလီက ပထမပိုင်း ၁၅ မိနစ်မှာ ချေပဂိုးနဲ့ ၄၃ မိနစ်မှာ ဒုတိယဂိုး သွင်းယူပြီး ၂ ဂိုး ၁ ဂိုးနဲ့ ပွဲကို ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်း ၅၀ မိနစ်မှာတော့ ချီလီက တတိယဂိုး သွင်းယူခဲ့ပေမယ့် ၇၅ မိနစ်မှာတော့ ပနားမားက ဒုတိယချေပဂိုး သွင်းယူခဲ့ပါတယ်။

ဒါပေမယ့်လည်း ၈၉ မိနစ်မှာ ချီလီက စတုတ္ထဂိုး ထပ်မံသွင်းယူပြီး ၄ ဂိုး ၂ ဂိုးနဲ့ ပြီးဆုံးခဲ့ပါတယ်။



ဒုတိယပွဲစဉ်မှာတော့ အာဂျင်တီးနားအသင်းက ဘိုလီးဗီးယားအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။

အာဂျင်တီးနားအတွက် ပထမပိုင်း ၁၃ မိနစ်မှာ အဖွင့်ဂိုးသွင်းယူခဲ့သလို ဒီနောက် ၁၅ မိနစ်နဲ့ ၃၃ မိနစ်မှာ ဒုတိယဂိုးနဲ့ တတိယဂိုးကို သွင်းယူခဲ့ပါတယ်။

ပထမပိုင်းမှာ အဓိကကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ ဒီမာရီယာ၊ မာရှေယာနိုတို့ကို အာဂျင်တီးနားက အနားပေးခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ၂ ဘက်စလုံး ဂိုးမသွင်းနိုင်တဲ့အတွက် ၃ ဂိုး ဂိုးမရှိနဲ့ အဆုံးသတ်သွားပါတယ်။

အုပ်စု ဒီ မှာ အာဂျင်တီးနားက ၃ ပွဲကစား ၃ ပွဲနိုင် ၉ မှတ်နဲ့ ပထမ၊ ချီလီက ၃ ပွဲကစား ၂ ပွဲနိုင် ၆ မှတ်နဲ့ ဒုတိယ၊ ပနားမားကတော့ ၃ ပွဲကစား ၁ ပွဲနိုင် ၃ မှတ်နဲ့ တတိယ၊ ဘိုလီးဗီးယားကတော့ ၃ ပွဲကစား ၃ပွဲရှုံးနဲ့ တမှတ်မှမရခဲ့ပါဘူး။

အုပ်စုတွင်းပွဲစဉ်တွေ အပြီးမှာတော့ အာဂျင်တီးနားနဲ့ ချီလီတို့ ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/154870

No comments:

Post a Comment