မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Friday, July 1, 2016

ပြင်သစ်နောက်ခံလူ ဆယ်မြူရယ်ကို ဘာစီလိုနာ ခေါ်ယူ


Olympique Lyon's Samuel Umtiti celebrates after scoring a goal against Troyes during their French Ligue 1 soccer match at the Stade de l'Aube stadium in Troyes, January 12, 2013. REUTERS/Benoit Tessier /File Photo

စပိန် လာလီဂါ ကလပ် ဘာစီလိုနာက ပြင်သစ် ဗဟို နောက်ခံလူ ဆယ်မြူရယ် အမ်တက်တီကို ပေါင် ၂၁ သန်းနဲ့ ခေါ်ယူဖို့ သဘော တူညီချက် ရသွား ပါတယ်။

ဘာစီလိုနာက နောက်တန်း သမားကို ပြင်သစ် ကလပ် လိုင်ယန်ကနေ ခေါ်ယူ လိုက်တာပါ။ အသက် ၂၂ နှစ် အရွယ် အမ်တက်တီဟာ လိုင်ယွန် လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ် လာတာပါ။

ယူရိုပြိုင်ပွဲ ၀င်နေတဲ့ ပြင်သစ် လက်ရွေးစင်အသင်း အတွက် ရွေးချယ်ခံ ထားရပေမယ့် ပါဝင် ကစားခွင့် ရခြင်းတော့ မရှိသေးပါဘူး။

ပြင်သစ်မီဒီယာတွေမှာတော့ ဘာကာက အမ်တက်တီကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူတာ ဖြစ်တယ်လို့ ဖော်ပြနေပါတယ်။

ဒါ့အပြင် ဘာစီလိုနာက တိုက်စစ်မှူး နေမာကို စာချုပ်သစ်နဲ့ သက်တမ်းတိုးနိုင်ဖို့အတွက် နီးစပ်နေတယ်လို့လည်း ဆိုပါတယ်။

by DVB

Originally published at - http://burmese.dvb.no/archives/157214

No comments:

Post a Comment