မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, July 9, 2016

ရော်နယ်ဒို၏ ပေါ်တူဂီအသင်း ဗိုလ်စွဲမည်ဟု ဆင်မလေးဇယ်လာ ခန့်မှန်း




ယူရို ၂၀၁၆ ပြိုင်ပွဲ ဗိုလ်လု ပွဲမှာ ပေါ်တူဂီ အသင်း အနိုင် ရမယ်လို့ ဆင်မလေး ဇယ်လာက ခန့်မှန်း လိုက်ပါတယ်။

ယူရို ဗိုလ်လုပွဲစဉ် အဖြစ် လာမယ့် ဇူလိုင် ၁၁ ရက်နေ့ မနက် အစောပိုင်းမှာ အိမ်ရှင် ပြင်သစ်နဲ့ ပေါ်တူဂီတို့ ယှဉ်ပြိုင် ရမှာပါ။

ဒီပွဲစဉ်နဲ့ ပက်သက်လို့ ဂျာမဏီနိုင်ငံ စတူဂတ် တိရစ္ဆာန် ဥယျာဉ်ထဲက အသက် ၄၉ နှစ် အရွယ် ဆင်မလေး ဇယ်လာက ပေါ်တူဂီ နိုင်မယ်လို့ ခန့်မှန်း လိုက်တာပါ။

သံနဲ့ ပြုလုပ် ထားတဲ့ ခြင်းထဲမှာ အသင်း ၂ သင်းရဲ့ အလံပါတဲ့ ဘောလုံး ၂ လုံး ထဲက တလုံးကို ရွေးချယ်ပြီး ခန့်မှန်းတာ ဖြစ်ပါတယ်။

ဆင်မလေး ဇယ်လာက ပေါ်တူဂီ အလံပါတဲ့ ဘောလုံးကို ရွေးချယ် လိုက်တဲ့ အတွက် ဗိုလ်လုပွဲမှာ ပေါ်တူဂီ အနိုင် ရမယ်လို့ ခန့်မှန်းတာ ဖြစ်ပါတယ်။

ဇယ်လာဟာ ရှုံးထွက် ပွဲစဉ် တုန်းက ၃ ပွဲ ခန့်မှန်း ရာမှာ ၃ ပွဲစလုံး မှန်ကန် ခဲ့ပါတယ်။ တိရစ္တာန် ဥယျာဉ် တာဝန်ရှိ သူကတော့ ဇယ်လာရဲ့ ခန့်မှန်းချက် တွေဟာ ၆၅ ရာခိုင်နှုန်းလောက် မှန်ကန်ပြီး ကမ္ဘာ့ ဘောလုံး အားကစားနဲ့ ပက်သက်လို့ အတွေ့ အကြုံတွေ ရှိတယ်လို့ ပြောပါတယ်။



by DVB

Originally published at - http://burmese.dvb.no/archives/158391

No comments:

Post a Comment