
ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာ စီးတီး အသင်းက နိုင်ဂျီးရီးယား လက်ရွေးစင် ကစားသမား အာမက် မူဆာကို အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၆ သန်း ပေးပြီး ခေါ်ယူ လိုက်ပါတယ်။
အသက် ၂၃ နှစ် အရွယ် မူဆာကို ရုရှား ကလပ် စီအက်စ်ကေအေ မော်စကို အသင်းကနေ ၄ နှစ် စာချုပ်နဲ့ ခေါ်ယူ လိုက်တာ ဖြစ်ပါတယ်။
သူဟာ ပရီးမီးယားလိဂ် ချန်ပီယံ လက်စတာ အသင်းကနေ ၄ ဦးမြောက် ခေါ်ယူ ခံရတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။
တိုက်စစ်မှူး မူဆာကို ဆောက်သမ်တန်၊ အဲဗာတန်နဲ့ ၀က်စ်ဟမ်း အသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင် စားနေတာပါ။
သူဟာ စီအက်စ်ကေအေ မော်စကိုအသင်းကို ပြီးခဲ့တဲ့ရာသီမှာ ရုရှားအမှတ်ပေးလိဂ် ချန်ပီယံ ဖြစ်အောင် ကူညီထားပါတယ်။
နိုင်ဂျီးရီးယား တိုက်စစ်မှူးဟာ ရုရှားကလပ်ကို ၂၀၁၂ မှာ ရောက်ရှိပြီး အသင်းအတွက် ၁၆၈ ပွဲမှာ ၅၄ ဂိုး သွင်းယူထားပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/158409

No comments:
Post a Comment