မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, July 9, 2016

မာရေးက ဘာဒစ်ကို ၃ ပွဲပြတ် အနိုင်ယူပြီး ၀င်ဘယ်လ်ဒန် ဗိုလ်လုပွဲတက်




ဗြိတိန်နိုင်ငံ လန်ဒန်မှာ ယှဉ်ပြိုင် သွားတဲ့ ၀င်ဘယ်လ်ဒန် တင်းနစ် ပြိုင်ပွဲ အမျိုးသား တဦးချင်း ဆီမီး ဖိုင်နယ်မှာ နာမည်ကြီး အန်ဒီ မာရေးက တိုမက်စ် ဘာဒစ်ကို ၃ ပွဲပြတ်နဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်သွား ပါတယ်။

ဇူလိုင် ၈ ရက်နေ့ ယှဉ်ပြိုင် ကစားခဲ့ ကြတဲ့ ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ဒုတိယ ရေပန်း အစားဆုံး ဖြစ်တဲ့ ဗြိတိန်သား မာရေးဟာ တပွဲလုံးကို ထိန်းချုပ် ကစားနိုင် ခဲ့ပါတယ်။

ချက်နိုင်ငံသား ဘာဒစ်ဟာ ဒီပွဲမှာ အမှားအယွင်းများခဲ့လို့ ၃ ပွဲပြတ်နဲ့ အရှုံးပေးလိုက်ရတာပါ။

အန်ဒီမာရေးဟာ ၀င်ဘယ်လ်ဒန် ပြိုင်ပွဲမှာ ၃ ကြိမ်မြောက်အဖြစ် ဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။

ဗိုလ်လုပွဲမှာတော့ မာရေးဟာ နာမည်ကြီး ရော်ဂျာ ဖက်ဒရာကို အနိုင်ယူလာတဲ့ ကနေဒါက မီလို့စ် ရုနစ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

by DVB

Originally published at - http://burmese.dvb.no/archives/158436

No comments:

Post a Comment