
ခန္ဓာကိုယ် အလေးချိန်ကို သွားနဲ့ ထိန်းနိုင်ဖို့ အတွက် မွန်ဂို လီးယားက အသက် ၉ နှစ် အရွယ် ကလေး ကျွမ်းဘား မယ်လေး Suvd-Erdene က အပြင်း အထန် လေ့ကျင့် နေပါတယ်။
သူရဲ့အဖွဲ့ထဲက တခြား သူတွေ ကတော့ ခန္ဓာကိုယ် အလေးချိန်ကို သွားနဲ့ ထိန်းနိုင်ပြီ ဖြစ်ပါတယ်။
မြို့တော် ဘူလန် ဘာတာမှာ ခြေ၊ လက်၊ ခန္ဓာကို ကျွမ်းကျင်စွာ ခွေခေါက် ကွေးညွှတ် လိမ်ယှက် တတ်သူတွေ ဖြစ်အောင် Suvd-Erdeneနဲ့ အပေါင်း အဖော် ၁၂ ဦးတို့က လေ့ကျင့် နေတာ ဖြစ်ပါတယ်။
၁၃ ရာစုက နိုင်ငံရဲ့ စစ်သူရဲကောင်း ဂျင်ဂျစ်ခန့်က ဒီအနုပညာကို ပိုမို တိုးတက် ကောင်းမွန်အောင် လုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။
အများစုက အမျိုးသမီးတွေက ပါဝင်ဖျော်ဖြေ ခဲ့ပြီး ခန္ဓာကိုယ်ကို ကွေးညွတ် ဆန့်ထုတ် ဖျော်ဖြေပြတာ ဖြစ်ပါတယ်။
ကြည့်လိုက်ရင် လွယ်မယ်လို့ ထင်ရပေမယ့် ဒီလို ပျော့ပြောင်း ဆန့်ထုတ်နိုင်ဖို့ လပေါင်း များစွာ ပြင်းပြင်း ထန်ထန် လေ့ကျင့် ရတာ ဖြစ်ပါတယ်။
Suvd-Erdene က ၆ နှစ် အရွယ် ကတည်းက စတင်လေ့ကျင့် ခဲ့တာလည်း ဖြစ်ပါတယ်။
ခန္ဓာကိုယ်ကို ဆန့်ထုတ်တဲ့ လေ့ကျင်ခန်းတွေ လုပ်ဆောင်တိုင်း ငိုယို မိတယ်လို့ Suvd-Erdeneက ပြောပါတယ်။
ဒီလိုလေ့ကျင်နိုင်ဖို့ အတွက် ကျောင်းကလည်း သီးသန့် အချိန် သတ်မှတ်ပေး ထားတယ်လို့ ဆိုပါတယ်။
မွန်ဂိုးလီးယားက ခြေ၊ လက်၊ ခန္ဓာကို ကျွမ်းကျင်စွာ ခွေခေါက် ကွေးညွှတ် လိမ်ယှက် တတ်သူ တွေရဲ့ လိုအပ်ချက်ဟာ အရမ်းမြင့်မား သလို စန်းရှိတဲ့ ဖျော်ဖြေ တင်ဆက် သူတွေကို နိုင်ငံတကာက ပြဇာတ်တွေက စောင့်ကြည့်ပြီး အလုပ်အကိုင် ပေးထားလေ့ ရှိပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/158449

No comments:
Post a Comment