မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, July 6, 2016

အောက်တိုဘာတွင် ကျင်းပမည့် MMA ပြိုင်ပွဲ၌ အောင်လအန်ဆန် ယှဉ်ပြိုင်မည်


တရုတ်နိုင်ငံတွင် ဇူလိုင် ၂ ရက်က ကျင်းပသည့် MMA ပြိုင်ပွဲ၌ တွေ့ရသော အောင်လ အန်ဆန် ဓာတ်ပုံ − ONE Championship


ရန်ကုန်မြို့၌ အောက်တိုဘာ အတွင်း ကျင်းပမည့် One Cham- pionship (MMA) ပြိုင်ပွဲတွင် အမေရိကန် နိုင်ငံသား ကချင် လူမျိုး အောင်လ အန်ဆန် ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။

One Championship က ကြီးမှူး ကျင်းပသော ကိုယ်ခံပညာ ပေါင်းစုံ အသုံးပြု ယှဉ်ပြိုင် ရမည့် MMA (Mixed Martial Art) ပြိုင် ပွဲကို မြန်မာနိုင်ငံတွင် တတိယ အကြိမ်မြောက် အဖြစ် လာမည့် အောက်တိုဘာ ၇ ရက်၌ အမျိုးသား အားကစား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပရန် စီစဉ် ထားပြီး ယင်းပြိုင်ပွဲတွင် အောင်လ အန်ဆန် ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပွဲစီစဉ်သူ ဇေကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးဇေသီဟ ကပြောသည်။

‘‘ကျွန်တော့်အနေနဲ့ တစ်လ တစ်ပွဲတောင် လုပ်သွားဖို့ အခြေအနေကောင်းတွေ ရှိပါတယ်။ တတိယအကြိမ်မြောက် ပြိုင်ပွဲကို အောက်တိုဘာမှာ ကျင်းပမယ်။ ဒီပွဲမှာ အောင်လလည်း ပါဝင်ယှဉ်ပြိုင်မှာပါ’’ဟု ဦးဇေသီဟက ပြောသည်။ သို့သော် အောင်လအန်ဆန် နှင့် ယှဉ်ပြိုင်ရမည့် ပြိုင်ဘက်ကိုမူ မရွေးချယ်ရသေးဟု ၎င်းကဆို သည်။

ဇူလိုင် ၂ ရက်က တရုတ်နိုင်ငံတွင် ကျင်းပခဲ့သည့် MMA ပြိုင်ပွဲ၌ အောင်လသည် ရုရှားနိုင်ငံသား ဘူဒိုရင်ကို ၎င်း၏ နာမည်ကျော်ချုပ်ကွက်ဖြင့် ဒုတိယအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိပြီး ကမ္ဘာ့ချန်ပီယံလုပွဲ ယှဉ်ပြိုင်ရန် အခြေအနေကောင်းများ ရရှိထားပြီဟု One Championship ပြိုင်ပွဲကျင်းပရေးက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လအတွင်းက ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် ပြိုင်ပွဲ တွင်လည်း အောင်လသည် အီဂျစ် နိုင်ငံသား မိုဟာမက်အလီကို ပထမအချီ၌ ၎င်း၏ နာမည်ကျော် ချုပ်ကွက်ဖြင့် အလဲထိုးဖြင့်ပင် အနိုင်ယူထားသည်။

အောင်လသည် အာရှဒေသအတွင်း နှစ်ပွဲလာရောက် ယှဉ်ပြိုင်ပြီးချိန်၌ နှစ်ပွဲစလုံး အနိုင်ရရှိထားသည်။ အောင်လအန် ဆန်သည် MMA ပြိုင်ပွဲသက်တမ်း တစ်လျှောက် မစ်ဒယ် ၀ိတ်တန်း တွင် ၂၇ ပွဲ ယှဉ်ပြိုင် ထားပြီး ၁၈ ပွဲ နိုင်၊ ကိုးပွဲရှုံး ရလဒ် ရရှိထားသည်။

အောက်တိုဘာအတွင်း ကျင်းပမည့် MMA ပြိုင်ပွဲတွင် ချန်ပီယံလုပွဲများအပြင် မြန်မာ့ရိုးရာ လက်ဝှေ့သမားများနှင့် ပြည်ပ လက်ဝှေ့သမားများ MMA စည်း မျဉ်းအတိုင်း ယှဉ်ပြိုင်မည့် ပွဲစဉ်များ ထည့်သွင်းကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိသည်။

By - ချစ်ဝိုင်း

Originally published at - http://www.7daydaily.com/story/69431

No comments:

Post a Comment