
စပိန် လာလီဂါ ကလပ် ဗလင်စီယာ အသင်းက ပေါ်တူဂီ တောင်ပံ ကစား သမား နာနီကို ခေါ်ယူဖို့ သဘော တူညီချက် ရသွား ပါတယ်။
ဗလင်စီယာ အသင်းက မန်ယူ ကစား သမားဟောင်း နာနီကို တူရကီ ကလပ် ဖီနာဘာချီ အသင်းကနေ ပြောင်းရွှေ့ကြေး မဖော်ပြဘဲ ခေါ်ယူ လိုက်တာပါ။
အသက် ၂၉ နှစ် အရွယ် နာနီကို ဗလင်စီယာ ကနေ ၃ နှစ် စာချုပ်နဲ့ ခေါ်ယူ လိုက်တာ ဖြစ်ပါတယ်။
တောင်ပံ ကစားသမား နာနီဟာ လောလော ဆယ်မှာ ပေါ်တူဂီ အသင်းနဲ့ အတူ ယူရို ပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်နေ ပါတယ်။
သူဟာ ၂၀၁၅ မှာ မန်ယူကနေ ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။
နာနီဟာ ပြီးခဲ့တဲ့ရာသီမှာ ဖီနာဘာချီအတွက် ၁၂ ဂိုး သွင်းယူပေးထားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/157876

No comments:
Post a Comment