
ဗြိတိန်နိုင်ငံ လန်ဒန်မှာ ယှဉ်ပြိုင် နေတဲ့ ၀င်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲ အမျိုးသမီး တဦးချင်း ကွတား ဖိုင်နယ်မှာ နာမည်ကြီး စရီနာ ၀ီလျံစ်က ပယ်လူ ချင်ကိုဗာကို အနိုင်ရ သွားပါတယ်။
ဇူလိုင် ၅ ရက်နေ့က ပွဲစဉ်မှာ ကမ္ဘာ့နံပါတ်တစ် ဖြစ်တဲ့ စရီနာက ရုရှားသူ ပယ်လူ ချင်ကိုဗာကို ၂ ပွဲပြတ်နဲ့ အနိုင်ရ သွားတာပါ။
လက်ရှိချန်ပီယံဖြစ်တဲ့ အမေရိကန်သူ စရီနာဟာ ဂရန်းစလန်းဆုဖလား ၂၁ ခု ရရှိထားပါတယ်။
ဒီပွဲနိုင်လို့ စရီနာဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားပါတယ်။
ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာတော့ ရုရှားတင်းနစ်မယ်တဦးဖြစ်တဲ့ အယ်လီနာ ဗက်စ်နီနာနဲ့ ဆုံရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/157909

No comments:
Post a Comment