မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Wednesday, July 6, 2016

မြန်မာ ဘောလုံး အဖွဲ့ချုပ်ကို ဘရူဝါရီ မြန်မာက ကန်ဒေါ်လာ ၆ သန်း ထောက်ပံ့မည်




မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ကို မြန်မာ ဘရူဝါရီ လီမိတက်က ၁ နှစ်ကို ၁ ဒသမ ၂ သန်းနဲ့ ၅ နှစ် အတွက် ၆ သန်း ထောက်ပံ့ သွားမှာ ဖြစ်ပါတယ်။

မြန်မာ ဘရူဝါရီ အနေနဲ့ ၂၀၁၆ ကနေန ၂၀၂၀ ခုနှစ်အထိ ၅ နှစ်ကြာ ပံ့ပိုးသွားမှာပါ။ ၁ နှစ်ကို အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ သန်းနဲ့ ဒေါ်လာ ၆ သန်း ပံ့ပိုးမယ်လို့ ဇူလိုင် ၅ ရက်နေ့က Novotel Hotel (ပုသိမ်ခန်းမ) မှာ မြန်မာဘောလုံး အဖွဲ့ချုပ်နဲ့ လက်မှတ်ရေးထိုး ခဲ့ပါတယ်။

မြန်မာဘောလုံးအဖွဲ့ချုပ်အနေနဲ့ ၁ နှစ်မှာ အမေရိကန်ဒေါ်လာ ၅ သန်းဝန်းကျင် သုံးစွဲနေရတယ်လို့ ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောပါတယ်။

မြန်မာဘရူဝါရီ လီမိတက်ဟာ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကိုလည်း သုံးနှစ်ဆက်တိုက်ပံ့ပိုးကူညီခဲ့တာ ဖြစ်ပါတယ်။

ဒီဗွီဘီ by ပိုင်စိုး

Originally published at - http://burmese.dvb.no/archives/157912

No comments:

Post a Comment