
ယူရိုပြိုင်ပွဲ ဆီမီး ဖိုင်နယ် ပွဲစဉ်မှာ ပြင်သစ် အသင်းဟာ နောက်တဆင့်ကို တက်ဖို့ ရေပန်းစားတဲ့ အသင်း ဖြစ်တယ်လို့ ဂျာမနီအသင်း မန်နေဂျာ ဘီယာဟော့ဖ်က ပြောဆို လိုက်ပါတယ်။
ပြင်သစ် အသင်းက နည်းပြ ဒတ်ချန့်စ်နဲ့ အတူ တိုးတက် လာတဲ့ အသင်းဖြစ်လို့ ရေပန်းစားမှု ပိုပါ တယ်လို့ ဂျာမန် အသင်း မန်နေဂျာက ပြောပါတယ်။
ဒါ့အပြင် သူတို့ အသင်းက ယုံကြည်မှုတွေ ရနေတဲ့ အပြင် တက်ကြွ လန်းဆန်းနေတဲ့ အသင်းလည်း ဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမယ့်လည်း ဂျာမန်တိုက်စစ်မှူးဖြစ်တဲ့ သောမတ်စ်မူလာနဲ့ ဂိုးသမား နူအာတို့ကတော့ ပြင်သစ်အသင်းကို ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ဂျာမနီအသင်းဟာ ပြင်သစ်နဲ့ ယူရို ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အဓိက အားထားရတဲ့ တိုက်စစ်မှူး ဂိုမက်နဲ့ ကွင်းလယ်ကစားသမား ခီဒီရာတို့ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်ပါဘူး။
ဒါ့အပြင် နောက်တန်းလူ ဟမ်းမဲလည်း ပွဲပယ်ခံထားရပါတယ်။
ဓာတ်ပုံ - Getty Images
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/157937

No comments:
Post a Comment