မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, July 7, 2016

ရော်နယ်ဒို၊ နာနီတို့၏ ဂိုးဖြင့် ဝေးလ်စ်ကိုနိုင်ပြီး ပေါ်တူဂီ ယူရိုဖိုင်နယ်တက် (ရုပ်သံဟိုက်လိုက်)




ယူရို ၂၀၁၆ ဆီမီးဖိုင်နယ် ပထမပွဲစဉ် အဖြစ် ပေါ်တူဂီနဲ့ ဝေးလ်စ် အသင်းတို့ ဇူလိုင် ၆ ရက်ညက ရင်ဆိုင် ကစားခဲ့ပြီး ပေါ်တူဂီ အသင်းက ဒုတိယပိုင်း သွင်းဂိုးတွေကြောင့် ၂ ဂိုး ဂိုးမရှိနဲ့ အနိုင် ရရှိကာ ယူရို ဗိုလ်လုပွဲကို သမိုင်း တလျှောက် ဒုတိယ အကြိမ်မြောက် တက်လှမ်းနိုင် ခဲ့ပါတယ်။

ထောင့်ကန်ဘောကတဆင့် ဂယ်ဟယ်ရို ကန်တင်ပေးတာကို စီရော်နယ်လ်ဒိုက ၅၀ မိနစ်မှာ ခေါင်းတိုက်ပြီး ပထမဂိုး သွင်းယူပေးခဲ့ပါတယ်။

အဲဒီနောက် ၃ မိနစ်အကြာမှာပဲ စီရော်နယ်လ်ဒိုရဲ့ကန်ချက်ကို နာနီက လမ်းကြောင်းပြောင်းပြီး ဒုတိယဂိုး ထပ်သွင်းခဲ့တာပါ။

အခုပွဲမှာ စီရော်နယ်လ်ဒို တဂိုးသွင်းယူနိုင်ခဲ့လို့ ပြင်သစ်ဂန္ထ၀င်တိုက်စစ်မှူး ပလာတီနီ စံချိန်တင်ထားတဲ့ ပြိုင်ပွဲသမိုင်းတလျှောက် သွင်းဂိုးအများဆုံး ၉ ဂိုးစံချိန်ကို အမီလိုက်နိုင်ခဲ့ပါတယ်။

ပေါ်တူဂီအသင်းကတော့ ပြိုင်ပွဲသမိုင်းမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ယူရို ၂၀၀၄ ပြိုင်ပွဲမှာသာ ဖိုင်နယ်တက်ခဲ့ပြီး နောက်ပိုင်း အခု ဒုတိယအကြိမ်မြောက် ဗိုလ်လုပွဲအဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/158077

No comments:

Post a Comment