မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Thursday, July 7, 2016

မြန်မာယူ-၁၆ အသင်း ကမ္ဘောဒီးယား ယူ-၁၆ ကို အနိုင်ရ




ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင်မြို့မှာ ယှဉ်ပြိုင် သွားတဲ့ ခြေစမ်း ပွဲစဉ်မှာ မြန်မာယူ - ၁၆ အသင်းက ကမ္ဘောဒီယား ယူ - ၁၆ အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။

ဒီပွဲကို အိမ်ရှင် ကမ္ဘောဒီးယား ပရိသတ်တွေ လာရောက် အားပေးတဲ့ အတွက် အကြိတ် အနယ်နဲ့ ပွဲကောင်း တပွဲ ဖြစ်ခဲ့ ပါတယ်။

ဒါ့အပြင် ကမ္ဘောဒီးယား အသင်းဟာ ခြေစမ်းပွဲမှာ ထိုင်းအသင်းကို အနိုင်ရ ထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။

ပွဲအစပိုင်းမှာ မြန်မာအသင်း ကစားရတာ ခက်ပေမယ့်လည်း နောက်ပိုင်းမှာ ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာ ပြည့်စုံနိုင်က မြန်မာအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပါတယ်။

ဒုတိယပိုင်းမှာ မြန်မာနောက်တန်းရဲ့ အမှားကနေ ကမ္ဘောဒီးယား ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။

အဲဒီနောက် မြန်မာအသင်း လူစားလဲတာတွေ လုပ်ခဲ့ပြီး ၈၉ မိနစ်နဲ့ ၉၂ မိနစ်မှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို သွင်းယူနိုင်ခဲ့ပါတယ်။

မြန်မာအသင်းဟာ အာဆီယံ ယူ-၁၆ ပွဲစဉ်အဖြစ် သြစတြေးလျအသင်းနဲ့ ဇူလိုင် ၁၀ ရက်နေ့မှာ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ – အမ်အက်ဖ်အက်ဖ်

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/158091

No comments:

Post a Comment