
မန်ချက်စတာ ယူနိုက်တက် အသင်းက ဒေါ့မွန် ကွင်းလယ် ကစားသမား အမ်ခီတာရန်းကို လက်မှတ်ထိုး ခေါ်ယူနိုင် လိုက်ပါတယ်။
အသက် ၂၇ နှစ် အရွယ် ကွင်းလယ် ကစား သမားကို ၄ နှစ် စာချုပ်နဲ့ ခေါ်ယူ လိုက်ပြီး ပြောင်းရွှေ့ကြေးကိုတော့ တရားဝင် ဖော်ပြခြင်း မရှိပါဘူး။
အာမေးနီးယား လက်ရွေးစင် အသင်း ခေါင်းဆောင် အမ်ခီတာရန်းဟာ ပြီးခဲ့တဲ့ ဂျာမန် ဘွန်ဒတ်စ် လီဂါ ရာသီမှာ အကောင်းဆုံး ကစားသမား ဆုကို ရရှိခဲ့ပြီး အသင်း အတွက် ၂၃ ဂိုး သွင်းပေး ထားပါတယ်။
မန်ယူနည်းပြ မော်ရင်ဟိုကတော့ သူက တကယ်ကို အစွမ်းအစရှိတဲ့ ကစားသမားတဦးဖြစ်ပြီး ဘယ်လို ဂိုးသွင်း ရမလဲ ဆိုတာကို မြင်တတ်တဲ့ လူမျိုးဖြစ်တယ်လို့ ပြောပါတယ်။
အမ်ခီတာရန်း ကတော့ မန်ယူကို ပြောင်းခွင့်ရလို့ အိပ်မက်တွေ အမှန် တကယ် ဖြစ်လာပြီလို့ ဆိုပါတယ်။
သူဟာ ဒေါ့မွန်ကို ၂၀၁၃ ခုနှစ်မှာ ရောက်ရှိလာပြီး ပွဲပေါင်း ၁၄၀ မှာ ၄၁ ဂိုး သွင်းပေးထားပါတယ်။
ဓာတ်ပုံ - ရိုက်တာ
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/158107





No comments:
Post a Comment