![]() |
ဘောလုံးသမား Messi နှင့် ဖခင် Jorge Horacio Messi |
ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ အခွန်ရှောင် မှုကြောင့် ထောင်ဒဏ် ၂၁ လ ချမှတ် ခံလိုက် ရပါတယ်။
စပိန်နိုင်ငံ တရားရုံးက ဇူလိုင် ၆ ရက်နေ့မှာ မက်ဆီရဲ့ အမှုကို ကြားနာပြီး ထောင်ဒဏ် ချမှတ် ခဲ့ကာ ငွေဒဏ် ဒေါ်လာ ၂ သန်းကျော်လည်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် စပိန် ဥပဒေတွေ အရ ထောင်ဒဏ် ၂ နှစ်အောက် ကျခံ ရသူဟာ ဆိုင်းငံ့ ပြစ်ဒဏ် အနေနဲ့သာ ကျခံ ရမှာ ဖြစ်ပါတယ်။
အသက် ၂၉ နှစ် အရွယ် မက်ဆီရဲ့ ဖခင်ဖြစ်သူလည်း အခွန်ရှောင်မှုမှာ ပူးပေါင်းပါဝင်တဲ့အတွက် အလားတူ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်အတွက် ၅ ရက်အတွင်း တရားရုံးချုပ်ကို အယူခံတင်နိုင်မှာ ဖြစ်ပါတယ်။
တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့ ကိုပါအမေရိကဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ ပင်နယ်တီလွဲချော်ခဲ့အပြီး လက်ရွေးစင်အသင်းကနေ အနားယူတော့မယ်လို့ ကြေညာထားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/158113

No comments:
Post a Comment