Sunday, August 21, 2016
အိုလံပစ် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဂျမနီအသင်း ဗိုလ်စွဲ
ဘရာဇီး အိုလံပစ် အမျိုးသမီး ဘောလုံး ပြိုင်ပွဲ ဗိုလ်လု ပွဲမှာ ဂျာမနီက ဆွီဒင်ကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး ရွှေတံဆိပ် ဆုကို ရရှိ သွားပါတယ်။
ဂျာမနီ အမျိုးသမီး အသင်းအတွက် ဦးဆောင်ဂိုးကို ၄၈ မိနစ်မှာ မာရိုဆန်က သွင်းယူ ပါတယ်။ ဒုတိယ အနိုင်ဂိုးကို (၆၂) မိနစ်မှာ ဆွီဒင် ကစားသမား ကိုယ့်ဂိုးကိုယ် သွင်းမိ ရာကနေ ရသွား တာပါ။ ဆွီဒင် အတွက် ချေပဂိုး ၁ ဂိုးကိုတော့ ၆၇ မိနစ်မှာ သွင်းယူ ပါတယ်။
ဂျာမနီ အသင်းဟာ ဒုတိယပိုင်းမှာ ကစားပုံ ပိုကောင်း လာပြီး အနိုင်ရ သွားတာပါ။
အခုပြိုင်ပွဲမှာ ရွှေ့တံဆိပ်ရယူနိုင်တဲ့ အတွက် ကမ္ဘာ့အဆင့် ၂ ဖြစ်တဲ့ ဂျာမန် အမျိုးသမီး အသင်းဟာ အိုလံပစ်နဲ့ ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်တဲ့ အမျိုးသမီး အသင်း ၃ သင်း စာရင်းမှာ ပါဝင် သွားပါတယ်။
တတိယနေရာမှာ လုပွဲမှာတော့ ကနေဒါက အိမ်ရှင် ဘရာဇီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ကြေးတံဆိပ်ဆုကို ဆွတ်ခူး သွားပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/164823
Labels:
အမျိုးသမီးဘောလုံး,
အိုလံပစ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment