
သြဂုတ် ၂၀ ရက်နေ့က ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ နာမည်ကြီး လီဗာပူးက တန်းတက် အသင်း ဘန်လေကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့် သွားပါတယ်။
ဘန်လေက အိမ်ကွင်းမှာ အနိုင်ဂိုး aတွကို ပထမပိုင်း မှာတင် သွင်းယူ ပါတယ်။ လီဗာပူးက ဒီပွဲမှာ ဘောလုံး ပိုင်ဆိုင်မှု ၈၁ ရာခိုင်နှုန်းအထိ ရှိသလို ကန်သွင်းခွင့် ၂၆ ကြိမ် အထိ ရပေမယ့် ရှုံးနိမ့် ခဲ့ပါတယ်။
ဒီပွဲရှုံးလို့ လီဗာပူး အသင်းရဲ့ ခံစစ်ပိုင်းနဲ့ ပက်သက်လို့ ဝေဖန်မှုတွေလည်း ထွက်ပေါ် ခဲ့ပါတယ်။
ချဲလ်ဆီးကတော့ အဝေးကွင်းမှာ ၀က်ဖို့ဒ်ကို နောက်ကနေ လိုက်ကစား ရပြီးမှ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရ သွားပါတယ်။
ဝက်ဖို့ဒ်အတွက် ဦးဆောင်ဂိုးကို ၅၅ မိနစ်မှာ ကာပူးက သွင်းယူပါတယ်။ ချဲလ်ဆီးအတွက် ချေပဂိုးကို မိနစ် ၈၀ မှာ ဘတ်ရွှေရီနဲ့ ၈၇ မိနစ်မှာ ကော်စတာက သွင်းယူပါတယ်။
ချဲလ်ဆီး နည်းပြသစ် ကွန်တီအတွက်တော့ ပရီးမီးယားလိဂ်မှာ ၂ ပွဲဆက်တိုက် အနိုင်ရ သွားပါတယ်။ လောလောဆယ်မှာ ချဲလ်ဆီးဟာ ရမှတ် ၆ မှတ်နဲ့ အဆင့် ၄ မှာ ရပ်တည်နေ ပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/164861

No comments:
Post a Comment