မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, August 21, 2016

ချန်ပီယံဖြစ်ရေးထက် တပွဲချင်း အာရုံစိုက်မည်ဟု ယူ ၁၉ နည်းပြပြော




ယူ ၁၉ ဖိတ်ခေါ် ဖလား ပြိုင်ပွဲမှာ ချန်ပီယံ ရရှိရေး ထက် တစ်ပွဲချင်း စီပဲ အာရုံစိုက် ကစားမယ်လို့ မြန်မာယူ ၁၉ နည်းပြက ပြောပါတယ်။

မြန်မာယူ ၁၉ အသင်းဟာ အာဆီယံ ချန်ပီယံရှစ် ပြိုင်ပွဲမှာ အောင်မြင်မှု ရရှိဖို့ အတွက် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင် ကစားတာ ဖြစ်ပြီး ချန်ပီယံဆု ရရှိရေး ထက် တစ်ပွဲချင်း စီကိုပဲ အာရုံစိုက် ကစားမယ်လို့ မြန်မာ နည်းပြက ပြောကြား လိုက်တာပါ။

ယူ ၁၉ အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက “ဂျပန်ကလပ်နဲ့ အရင်ဆုံးကစားရမယ်။ သူ့အကြောင်းလည်း မသိသလို ကိုယ့်အကြောင်းလည်း သိမှာမဟုတ်ဘူး။ ပထမ ပွဲလေးကစားတာကြည့်ပြီး တပွဲချင်းစီ အာရုံစိုက်ကစားမှဖြစ်မယ်။ အသင်းတိုင်းကတော့ အနိုင်ရချင်ကြမှာပဲ။

ကိုယ်လည်း အိမ်ကွင်းမှာ ချန်ပီယံရချင်တာပေါ့။ ဒါပေမယ့် မဖြစ်နိုင်သေးတဲ့ဟာကို ကြွေးကြော်နေတာမျိုး မလိုဘူး။ ကိုယ့်မှာရှိတဲ့ အင်အားနဲ့ ဘယ်လိုတုံ့ပြန်ကစားနိုင် မလဲပဲ ကြည့်ရမယ်” လို့ ပြောပါတယ်။

မြန်မာယူ ၁၉ အသင်းဟာ အဖွင့်ပွဲစဉ်အဖြစ် လာမယ့် သြဂုတ် ၂၂ရက်မှာ ဂျပန်ကလပ်ဆာပေါ်ရို ယူ၁၈အ သင်းနဲ့စတင်ယှဉ်ပြိုင်ရမှာပါ။

အုပ်စုဒုတိယပွဲအဖြစ် သြဂုတ် ၂၄ ရက်မှာ ဗီယက်နမ်၊ ၂၆ ရက်မှာ ထိုင်းယူ ၁၉ အ သင်းတို့နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အုပ်စုပတ်လည်ကစားအပြီးမှာ ထိပ်ဆုံးနှစ်သင်းက ဗိုလ်လုပွဲကစားရမှာဖြစ်ပြီး အုပ်စုအောက်ဆုံးနှစ်သင်းကတော့ တတိယလုပွဲကစားရမှာဖြစ်ပါတယ်။

ချန်ပီယံ ရရှိတဲ့အသင်းဟာ အမေရိကန်ဒေါ်လာ ၁ သာင်းခွဲရရှိမှာဖြစ်ပြီး ဒုတိယရတဲ့အသင်းက အမေရိကန်ဒေါ်လာ ၁ သောင်း၊ တတိယရတဲ့အသင်းက အမေရိကန်ဒေါ်လာ ၅ ထောင်ရရှိမှာဖြစ်ပါတယ်။

လွှမ်းမိုးအောင်

ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်

by DVB

Originally published at - http://burmese.dvb.no/archives/164902

No comments:

Post a Comment