မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Sunday, August 21, 2016

အိုလံပစ် ဘောလုံးပြိုင်ပွဲ သမိုင်းမှာ ပထမဆုံး ရွှေတံဆိပ် ရခဲ့တဲ့ ဘရာဇီး




၂၀၁၆ ရီယို အိုလံပစ် အမျိုးသား ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲ အဖြစ် ဘရာဇီးနဲ့ ဂျာမနီတို့ ယှဉ်ပြိုင် ကစား ခဲ့ရာမှာ ပွဲချိန် အတွင်း တစ်ဂိုးစီ သရေကျနေ ခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ကန်ခဲ့ ရပါတယ်။

ပင်နယ်တီ ကန်ခဲ့ရာ မှာတော့ ဘရာဇီးတို့က ငါးဂိုး၊ လေးဂိုးနဲ့အနိုင် ရရှိပြီး ဘရာဇီး ဘောလုံး လောက အတွက် ပထမဆုံး အိုလံပစ် ရွှေတံဆိပ်ကို ရယူနိုင် ခဲ့ပါတယ်။

ဘရာဇီး အတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၇ မိနစ်မှာ နေမာက ပြစ်ဒဏ်ဘော ကနေ သွင်းယူပေး ခဲ့ပြီး ဂျာမနီ အတွက် ချေပဂိုးကိုတော့ ပွဲချိန် ၅၉ မိနစ်မှာ မီယာက သွင်းယူပေး ခဲ့ပါတယ်။

ပင်နယ်တီ ကန်သွင်းရာ မှာတော့ ဘရာဇီးဘက်က အော်ဂက်စတို၊ မာကွင်ဟို၊ ရာဖင်ဟာ၊ လူယန်နဲ့ နေမာတို့ အားလုံး ၀င်အောင် ကန်သွင်းနိုင် ခဲ့ပြီး ဂျာမနီဘက်က ပီတာဆန် ကန်သွင်းတဲ့ ငါးလုံးမြောက် ပင်နယ်တီကို ဘရာဇီး ဂိုးသမား ၀ီဗာတန် ကာကွယ်ခဲ့လို့ ဘရာဇီးတို့ ချန်ပီယံဖြစ် သွားရတာ ဖြစ်ပါတယ်။


Mizzima - News in Burmese

Originally published at - https://www.facebook.com/MizzimaDaily/?hc_ref=NEWSFEED&fref=nf

No comments:

Post a Comment