မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Monday, August 22, 2016

ပရီးမီးယားလိဂ် ပွဲစဉ် ၂ မစ်ဒယ်ဘရော့နှင့် ၀က်စ်ဟမ်းတို့ အနိုင်ရ (ရုပ်သံဟိုက်လိုက်)




သြဂုတ် ၂၁ ရက်က ယှဉ်ပြိုင် သွားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ မစ်ဒယ် ဘရော့နဲ့ ၀က်စ်ဟမ်း အသင်းတို့ အနိုင် ရရှိသွား ပါတယ်။

တန်းတက် မစ်ဒယ်ဘရော့က ဆန်းဒါးလန်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင် ရရှိ သွားတာ ဖြစ်ပါတယ်။

ပထမပိုင်း ၁၃ မိနစ်နဲ့ ၄၅ မိနစ်မှာ မစ်ဒယ်ဘရော့ အသင်းက ကစားသမား စတူရာနီက ၂ ဂိုးလုံးကို သွင်းယူ သွားတာ ဖြစ်ပါတယ်။

ဆန်းဒါးလန်းအသင်းက ဒုတိယပိုင်း ၇၁ မိနစ်မှာ ချေပဂိုး ၁ ဂိုး ပြန်လည်သွင်းယူသွားခဲ့ပါတယ်။

အိမ်ကွင်းမှာ ဆန်းဒါးလန်းအသင်း ရှုံးနိမ့်သွားတဲ့အတွက် တန်းဆင်းဇုန်တိုက်ပွဲအတွက် ပြင်ဆင်ထားဖို့ နည်းပြ မိုရေးစ်က ပရိသတ်တွေကို သတိပေးထားပါတယ်။

ဆန်းဒါးလန်းအသင်းက ၂ ပွဲကစား ၂ ပွဲရှုံး တမှတ်မှ မရသေးသလို အမှတ်ပေးဇယား နံပါတ် ၁၈၊ မစ်ဒယ်ဘရော့ကတော့ ၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၄ မှတ်ရကာ အမှတ်ပေးဇယား နံပါတ် ၆ မှာ ရပ်တည်နေပါတယ်။

ဒုတိယပွဲစဉ်မှာတော့ ၀က်စ်ဟမ်းက ဘုန်းမောက်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။

ဝက်စ်ဟမ်းရဲ့လန်ဒန်ကွင်းသစ်မှာ ပွဲဦးထွက် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်း ၈၅ မိနစ်အရောက်မှာ ၀က်စ်ဟမ်းက မစ်ခေးအန်တိုနီယိုက အနိုင်ဂိုး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

၇၇ မိနစ်မှာ ဘုန်းမောက်အသင်းက ကစားသမားတဦး ၂ ၀ါ ၁ နီနဲ့ အထုတ်ခံခဲ့ရပါတယ်။

ဒီပွဲအနိုင်ကြောင့် ၀က်စ်ဟမ်းက ၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲရှုံး ၃ မှတ်နဲ့ အမှတ်ပေးဇယား နံပါတ် ၁၀၊ ဘုန်းမောက်ကတော့ ၂ ပွဲကစား ၂ ပွဲရှုံးနဲ့ အမှတ်ပေးဇယား နံပါတ် ၂၀ မှာ ရပ်တည်နေပါတယ်။



by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/164989

No comments:

Post a Comment