
ပထမဆုံး အကြိမ် ကျင်းပတဲ့ မြန်မာ့ ရိုးရာ လက်ဝှေ့ ကမ္ဘာ့ ချန်ပီယံ လုပွဲကို သြဂုတ်၂၁ ရက်က သုဝဏ္ဏ အားကစား ပြိုင်ပွဲရုံ ၁ မှာ ကျင်းပ ခဲ့ပါတယ်။
ဒီပွဲမှာ ကီလိုတန်းအလိုက် ရွှေခါးပတ် ချန်ပီယံ လုပွဲ ၈ ပွဲ ပါဝင်ပြီး မြန်မာ လက်ဝှေ့သမား ၈ ဦးနဲ့ နိုင်ငံခြား လက်ဝှေ့သမား ၈ ဦးတို့ ထိုးသတ် ခဲ့ရာမှာ မြန်မာ ဘက်က ၆ ပွဲနိုင် တပွဲသရေ တပွဲရှုံး ရလဒ်ရ ရှိခဲ့ ပါတယ်။
၈၀ ကီလိုတန်းမှာ ၀င်ပြိုင်တဲ့ မြန်မာပြည် ချန်ပီယံထွန်းထွန်းမင်းက ထိုင်းလက်ဝှေ့သမားချူထိုင်းကို ပထမအချီ မိနစ်ပိုင်းအတွင်းမှာ ပဲခေါင်း တိုက်ချက်နဲ့ အလဲထိုးနဲ့ အနိုင်ယူပြီး ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံရွှေခါး ပတ်ရယူနိုင်ခဲ့ပါတယ်။
၇၅ ကီလိုတန်းမှာ အကြီးတန်းလက်ဝှေ့ကျော်တဦးဖြစ်တဲ့ တူးတူးက ကနေဒါက ဒေ့ဗ်လက်ဒပ်နဲ့ ထိုးသတ်ရာမှာ အစီးထိုးသတ်နိုင်ခြင်းမရှိဘဲ အထိနာခဲ့ပြီး ၅ ချီပြီးဆုံးချိန်မှာတော့ ပူးတွဲသရေပဲ ရခဲ့ပါတယ်။
၇၂ ကီလိုတန်း မှာ စောဂေါမူတိုက ရုရှားက ရှပ်ရှာကော့ဗ် အာတမ်ကို ဒုတိယအချီမှာ အနိုင်ရ ခဲ့ပြီး ၆၇ ကီလိုတန်းမှာ ဖျံသွေး ကအီရန်ကမာဆွတ်ကို ဒုတိယအချီမှာ အလဲထိုးနဲ့အနိုင်ရ ခဲ့ပါတယ်။
၆၃ ကီလိုတန်းမှာ သားအသဲတပွင့်က ကင်ညာ ကလီယိုနာ့ဒ်ကို ဒုတိယအချီမှာ အလဲထိုးနဲ့ အနိုင်ရပြီး ၆၀ ကီလိုတန်းမှာ ထွန်းလွင်မိုးက ဂျပန်က အုက ကိုဒုတိယအချီမှာ အနိုင်ယူခဲ့ပါတယ်။
၅၇ ကီလိုတန်းမှာ ရဲသွေးနီက ကာဇက်စတန်က အယ်လ်ဂိုချော့ဗ်ကို ဒုတိယအချီမှာ ပဲအလဲထိုးနဲ့အနိုင်ရခဲ့ပြီး ၅၄ ကီလိုတန်းမှာတော့ လာအိုက စူပါဘော က စွမ်းထက်နိုင်ကို ဒုတိယအချီမှာ အလဲထိုးနဲ့ အနိုင်ယူပြီး မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ရွှေခါးပတ် ရယူခဲ့ပါတယ်။
ဒီဗွီဘီ by လွှမ်းမိုးအောင်
Originally published at - http://burmese.dvb.no/archives/164998

No comments:
Post a Comment