
သြဂုတ် ၂၁ ရက် ညက ယှဉ်ပြိုင် သွားတဲ့ စပိန်လာလီဂါ ပွဲစဉ်မှာ ရီးရဲလ် မက်ဒရစ်က ရီးရဲလ် ဆိုစီဒက်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရပြီး တာထွက် ကောင်းသွား ပါတယ်။
ဆိုစီဒက် ကွင်းမှာ ကစားတဲ့ ဒီပွဲမှာ ရီးရဲလ် အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၂ မိနစ်မှာ ဂါရတ် ဘေးလ်က ခေါင်းတိုက် သွင်းယူပြီး ဒုတိယ ဂိုးကို မိနစ် ၄၀ မှာ မာကို အဆန်ဆီယိုက သွင်းယူ ပါတယ်။
ရီးရဲလ်က ဒီပွဲမှာ အဓိက ကစားသမားတွေဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ဘန်ဇီမာတို့ မပါဘဲနဲ့ ယှဉ်ပြိုင် သွားပါတယ်။
ဒီပွဲမှာ ရီးရဲလ်အသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်သလို ထိုးဖောက် ကန်သွင်းခွင့် ၁၈ ကြိမ် အထိ ရခဲ့ပါတယ်။
ရီးရဲလ်အတွက် အပိတ်ဂိုးကို ပွဲပြီးကာနီးမှာ တိုက်စစ်မှူး ဘေးလ်ကပဲ သွင်းယူပါတယ်။
သြဂုတ် ၂၁ ရက် ညကပဲ ယှဉ်ပြိုင်တဲ့ မြို့ခံပြိုင်ဘက် အက်သလက်တီကို မက်ဒရစ် အသင်းကတော့ အိမ်ကွင်းမှာ အလာဗက်စ်အသင်းနဲ့ ၁ ဂိုးစီ သရေကျသွားပါတယ်။
by ဒီဗွီဘီ
Originally published at - http://burmese.dvb.no/archives/165013

No comments:
Post a Comment