
နိုင်ငံ လက်ရွေးစင် ကနေ အနားယူ တော့မယ်လို့ ကြေညာ ခဲ့တဲ့ လီယွန်နယ် မက်ဆီဟာ အာဂျင် တီးနား အသင်း အတွက် ပြန်လည် ကစား ပေးမှာ ဖြစ်ပါတယ်။
သြဂုတ် ၁၂ ရက်မှာ နိုင်ငံ လက်ရွေးစင် ကနေ အနားယူ မယ်ဆိုတဲ့ ဆုံးဖြတ် ချက်ကို ပြန်လည် ပြင်ဆင် လိုက်တယ်လို့ မက်ဆီက အတည်ပြုတဲ့ အကြောင်း Goal ၀က်ဆိုဒ်က ရေးပါတယ်။
အာဂျင် နည်းပြ အီဂါဒို ဘောင်းဇာက မက်ဆီနဲ့ စပိန်မှာ တွေ့ဆုံ ဆွေးနွေး ခဲ့အပြီး လာမယ့် ဥရုဂွေး၊ ဗင်နီဇွဲလားနဲ့ ကစားမယ့် ကမ္ဘာ ဖလား ခြေစစ်ပွဲ ကစားသမား ၂၇ ဦး စာရင်းမှာ ထည့်သွင်း လိုက်တာ ဖြစ်ပါတယ်။
အာဂျင်တီးနား အသင်း လူစာရင်းမှာ မက်ဆီ ပါဝင် ခဲ့ပေမယ့် နာမည်ကြီး တိုက်စစ်မှူး ဟီဂူအင် ကတော့ လူစာရင်း ကနေ ချန်လှပ် ခံထား ရပါတယ်။
စက်တင်ဘာ ၆ ရက်မှာ အာဂျင်တီးနား အသင်းဟာ ဥရုဂွေးနဲ့ ကစားမှာ ဖြစ်ပြီး နောက် ၅ ရက် အကြာမှာတော့ ဗင်နီဇွဲလား အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။
by DVB
Originally published at - http://burmese.dvb.no/archives/163614





No comments:
Post a Comment