Saturday, August 13, 2016
မီတာ ၂ဝဝ အလွတ်တန်းရေကူး ရွှေတံဆိပ်ဆု အမေရိကန် ကစားသမား မိုက်ကယ်ဖဲလ် ရရှိ
ရီယို ဒီဂျနေရိုး သြဂုတ် ၁၂
အမေရိကန် နိုင်ငံမှ အိုလံပစ် ကစားသမား မိုက်ကယ်ဖဲလ်သည် ၄င်း၏ပြိုင်ပွဲဝင် သက်တမ်း တစ်လျှောက် ၂၂ ခုမြောက် ဆုတံဆိပ် ရရှိခဲ့ပြီးနောက် ကြာသပတေးနေ့က မီတာ ၂ဝဝ တစ်ဦးချင်း အလွတ် ရေကူး ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ထပ်မံ ရရှိကာ အားကစားပြိုင်ပွဲ လေးခုတွင် ရွှေတံဆိပ်ဆု လေးခု ရရှိသည့် ပထမဆုံးသော ရေကူး ချန်ပီယံ ဖြစ်လာ ခဲ့သည်။
ဂျပန်နိုင်ငံမှ ချန်ပီယံကို ဆူကီဟာဂီနိုက ငွေတံဆိပ်ဆုရရှိပြီး တရုတ်နိုင်ငံမှ ပြိုင်ပွဲဝင် ဝမ်ရှန်က ကြေးတံဆိပ်ရရှိခဲ့သည်။ ယခု အနိုင်ရရှိမှုသည် အသက် ၃၁ နှစ်ရှိပြီဖြစ်သည့် ဖဲလ်အတွက် အံ့မခန်းရေကူးယှဉ်ပြိုင်မှုဖြစ်သည်။
နှစ်နှစ်ကြာ ဝင်ရောက်ယှဉ်ပြိုင်မှု ရပ်နားထားပြီးသည့် နောက် ¤င်း၏ ငါးကြိမ်မြောက်အိုလံပစ်ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင် မှုတွင် တစ်ဦးချင်း ယှဉ်ပြိုင်မှု ရွှေတံဆိပ်နှစ်ခုနှင့် အုပ်စုလိုက် ယှဉ်ပြိုင်မှု ရွှေတံဆိပ်နှစ်ခုတို့ကို ဆွတ်ခူးရရှိခြင်းဖြစ်သည်။
ဖဲလ်သည် ယခုအခါ ဆုတံဆိပ်ပေါင်း ၂၆ ခုကို လက်ဝယ် ပိုင်ဆိုင်ထားပြီဖြစ်ပြီး ¤င်း၏ ဆုတံဆိပ်များအနက် ရွှေတံဆိပ် ၁၃ ဆုကို တစ်ဦးချင်းပြိုင်ပွဲများမှ ရရှိခဲ့ပြီး ကျန်သည့်ဆုတံဆိပ်များ ကို အုပ်စုလိုက်ပြိုင်ပွဲများမှ ရရှိခဲ့ခြင်းဖြစ်သည်။
ဖဲလ်က ''ပြိုင်ပွဲအပြီးမှာ ကျွန်တော့တစ်ကိုယ်လုံး နာကျင် ကိုက်ခဲနေပြီး ခြေထောက်တွေလည်း နာကျင်ခဲ့ရပါတယ်''ဟု သတင်းထောက်များသို့ ပြောကြားခဲ့သည်။
ဖဲလ်သည် ၂ဝ၁၂ ခုနှစ်က လန်ဒန်၌ ရွှေတံဆိပ်လေးခု ဆွတ်ခူးခဲ့ပြီးဖြစ်သော်လည်း ၄င်းအနေဖြင့် ပြင်ဆင်လေ့ကျင့်ခဲ့မှု အပေါ် အားရကျေနပ်မှု မရှိကြောင်း ပြောကြား ခဲ့သည်။
(ရိုက်တာ)
Myanmaalinn
Originally published at - https://www.facebook.com/MYANMAALINNNEWS
Subscribe to:
Post Comments (Atom)
No comments:
Post a Comment