မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, August 13, 2016

လက်ရှိချန်ပီယံ အန်ဒီမာရေး တစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ ကွာတား ဖိုင်နယ်တက်




ဗြိတိန် ကိုယ်စားပြု တင်းနစ် သမား ဖြစ်သည့် လက်ရှိ ချန်ပီယံ အန်ဒီ မာရေးသည် ၂ဝ၁၆ ရီယို အိုလံပစ် ပြိုင်ပွဲ၏ အမျိုးသား တစ်ဦး ချင်း တင်းနစ် ပြိုင်ပွဲတွင် ကွာတား ဖိုင်နယ် အဆင့်သို့ တက်လှမ်း နိုင်ခဲ့ သော်လည်း ဗြိတိန် ကိုယ်စားပြု တင်းနစ်မယ် ဂျိုဟန် နာကွန်တာ မှာမူ အမျိုးသမီး တစ်ဦးချင်း တင်းနစ်ပြိုင်ပွဲ တွင် ရှုံးနိမ့် ခဲ့ခြင်းကြောင့် ပြိုင်ပွဲမှ ထွက်ခဲ့ ရပြီဖြစ်သည်။

အန်ဒီမာရေးသည် (၁၆)ဦးအဆင့် တွင် အီတလီတင်းနစ်ကစားသမား ဖာဘီယိုဖော့ဂ်နီနီအား ၆-၁၊ ၂-၆၊ ၆-၃ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
  • အမျိုးသားတစ်ဦးချင်း တင်းနစ် ပြိုင်ပွဲတွင် စပိန်တင်းနစ်ကစားသမား ရာဖေးလ်နာဒယ်သည် ပြင်သစ် တင်းနစ်ကစားသမား ဆီမွန်အား ၇-၆၊ ၆-၃ ဖြင့် လည်းကောင်း
  • ချက်တင်းနစ်ကစားသမား မွန်ဖီးလ် သည် ခရိုအေးရှားတင်းနစ်ကစား သမား မာရင်စီလစ်အား ၆-၇၊ ၆-၃၊ ၆-၄ ဖြင့်လည်းကောင်း
  • အာဂျင် တီးနားတင်းနစ်ကစားသမား ဒယ် ပေါ်ထရိုသည် ဂျပန်တင်းနစ်ကစား သမား ဒန်နီယယ်အား ၆-၇၊ ၆-၁၊ ၆-၂ ဖြင့်လည်းကောင်း
  • ဂျပန်တင်းနစ် ကစားသမား နီရှိကိုရီသည် ဆလို ဗက်ကီးယား တင်းနစ် ကစား သမား အန်ဒရီ မာတင်အား ၆-၂၊ ၆-၂ ဖြင့် လည်းကောင်း
  • ဘရာဇီး တင်းနစ် ကစား သမား ဘယ်လက်စီသည် ဘယ်လ် ဂျီယံ တင်းနစ် ကစား သမား ဂိုဖင်အား ၇-၆၊ ၆-၄ ဖြင့် လည်းကောင်း
  • စပိန် တင်းနစ်ကစားသမား ရောဘတ်တို ဘော်တစ်စတာသည် လူဇင်ဘတ် တင်းနစ် ကစား သမား ဂီးလက်စ် မူလာ အား ၆-၄၊ ၇-၆ ဖြင့်လည်းကောင်း
  • အမေရိကန် တင်းနစ် ကစား သမား စတိဗ်ဂျွန်ဆင်သည် ရုရှားတင်းနစ် ကစား သမား ဒန်စကွိုင်းအား ၆-၁၊ ၆-၁ ဖြင့် လည်းကောင်း
အသီးသီး အနိုင်ရရှိခဲ့ကြပြီး ကွာတားဖိုင်နယ် အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြသည်။

၂ဝ၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲ၏ အမျိုးသားတစ်ဦးချင်းတင်းနစ်ပြိုင်ပွဲ တွင် နာမည်ကြီးကစားသမားများဖြစ် ကြသည့် အန်ဒီမာရေး၊ ရာဖေးလ်နာ ဒယ်၊ နီရှိကိုရီ စသည့် ကစားသမား များ ကွာတား ဖိုင်နယ်အဆင့်သို့ တက် လှမ်းနိုင်ခဲ့သော်လည်း အမျိုးသမီး တစ်ဦးချင်းတင်းနစ် ပြိုင်ပွဲတွင်မူ နာ မည်ကြီးတင်းနစ်မယ်များ ဖြစ်ကြ သည့် ဆရီနာဝီလျံ၊ ကာရိုလိုင်းဝေါ့နီ ယာကီ၊ ဟယ်သာဝက်ဆန်၊ ဗီးနပ်ဝီလျံ စသည့်တင်းနစ်မယ်များမှာ ပြိုင်ဘက် အသီးသီးကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက် ခဲ့ရသည်။

အန်ဒီမာရေးသည် အမျိုးသား တစ်ဦးချင်းပြိုင်ပွဲတွင် ကွာတားဖိုင် နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့ သည့်အပြင် အမျိုးသားအမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲတွင်လည်း ဟယ်သာဝက်ဆန်နှင့်အတူ တွဲဖက် ကာ စပိန်တင်းနစ်အတွဲဖြစ်သည့် ဖာရာနှင့် ဆွာရတ်ဇ်နာဗာရိုတို့အား အနိုင်ရရှိခဲ့သည်။

အန်ဒီမာရေးသည် အမျိုးသားတစ်ဦး ချင်း တင်းနစ်ပြိုင်ပွဲတွင် အမေရိကန် တင်းနစ်ကစားသမား စတိဗ်ဂျွန်ဆင် နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ကြေးမုံသတင်းစာ

Originally published at - https://www.facebook.com/myanmakyaymon

No comments:

Post a Comment