
ပရီမီယာလိဂ် ကလပ် အာဆင်နယ် အသင်းသည် စပိန် လာလီဂါ ကလပ် ဗလင်စီယာ အသင်းမှ နောက်တန်း ကစားသမား မူစတာဖီအား ပြောင်းရွှေ့ကြေး ပေါင် သန်း ၃ဝ ဖြင့် ခေါ်ယူရန် သဘော တူညီချက် ရရှိထားကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် ဂျာမနီကြယ်ပွင့် နောက်တန်းကစားသမား မူစတာဖီအား ငါးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ချုပ်ဆိုရန်ရှိနေပြီး တစ်ပတ် လုပ်ခလစာကို ပေါင် ၇၅ဝဝဝ ပေးမည်ဖြစ်ကြောင်းလည်း သိရသည်။
နည်းပြ အာစင်ဝင်းဂါးသည် လက်ရှိ အာဆင်နယ် အသင်းတွင် နောက်တန်း ခံစစ်ပိုင်းပြဿနာ တစ်ရပ်ဖြစ်ပေါ်လျက် ရှိခြင်းကြောင့် မူစတာဖီအား ခေါ်ယူ ရန် ပြင်ဆင် ခဲ့ခြင်းဖြစ်ပြီး လီဗာပူး အသင်းနှင့် ယှဉ်ပြိုင် ရမည့် ၂ဝ၁၆ - ၂ဝ၁၇ ပရီမီယာလိဂ် ရာသီ အဖွင့်ပွဲစဉ်တွင် ချမ်ဘာနှင့် နာချိုမွန်ရီးယဲလ် တို့ကို ရွေး ချယ်ထားသည်။
လက်ရှိ အာဆင်နယ် အသင်းတွင် ဝီရှိုင်းယား၊ ဂျန်ကင်ဆန်၊ ဂတ်ဘရီးလ်၊ မာတီဆက်ကာနှင့် ဒန်နီဝဲလ်ဘက်တို့မှာ ဒဏ်ရာ ပြဿနာ များနှင့် ရင်ဆိုင်နေ ရကြောင်း သိရသည်။
ကြေးမုံသတင်းစာ
Originally published at - https://www.facebook.com/myanmakyaymon

No comments:
Post a Comment