မြန်မာနှင့် ကမ္ဘာ အားကစားသတင်းများ ပြန်လည်မျှဝေခြင်း





ဤဘလောဂ့်ဆိုဒ်သည် ဆိုင်မွန်စာကြည့်ဆိုဒ်၏ ပရိတ်သတ်များ တက်ရောက် ဖတ်ရှုခြင်း လွယ်ကူမြန်ဆန် စေရန် ရည်ရွယ်၍ ထပ်မံတိုးထားသော ဆိုဒ်ပွား တစ်ခုသာ ဖြစ်ပါသည်။

Saturday, August 13, 2016

အစ္စရေးပြိုင်ဘက်ကို လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆန်သည့် အီဂျစ် ဂျူဒိုသမား




ဘရာဇီးမှာ ကျင်းပနေတဲ့ အိုလံပစ် ပြိုင်ပွဲမှာ အစ္စရေးက ပြိုင်ဘက်ကို လက်ဆွဲ နှုတ်ဆက်ဖို့ ငြင်းဆန် ခဲ့တဲ့ အီဂျစ် ဂျူဒိုသမားကို ပရိသတ်တွေက ဆန့်ကျင် အော်ဟစ် ခဲ့ပါတယ်။

ပထမ အချီမှာ အရေးနိမ့် သွားတဲ့ အီဂျစ် ဂျူဒိုသမား အယ်ရှီ ဟာဘီက အစ္စရေး ဂျူဒိုသမား ဆက်ဆွန်က လက်ဆွဲ နှုတ်ဆက်ဖို့ ကမ်းလှမ်း တာကို ခေါင်းခါပြီး ငြင်းဆန် ခဲ့တာလို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြ ပါတယ်။

ဒီငြင်းဆန်မှုဟာ ဂျူဒို အားကစားရဲ့ လုပ်ထုံး လုပ်နည်းကို ချိုးဖောက်မှု တခု ဖြစ်ပါတယ်။ ဂျူဒို သမားတွေဟာ ပြိုင်ဘက်ကို လေးစားကြောင်း ပြသတဲ့ အနေနဲ့ ပြိုင်ပွဲ အစနဲ့ အဆုံးမှာ ပြိုင်ဘက်ကို လက်ဆွဲ ဒါမှ မဟုတ် ဦးညွှတ် နှုတ်ဆက်ရမှာ ဖြစ်ပါတယ်။

ဒိုင်လူကြီးက အယ်ရှီ ဟာဘီကို ပြန်ခေါ် ယူပြီး ဦးညွှတ် ရမယ်လို့ ပြောဆို ခဲ့ရမှာတော့ သူက အလျင် အမြန် ဦးညွှတ် ခဲ့ပါတယ်။

ဒီဖြစ်ရပ် အပေါ် အယ်ရှီ ဟာဘီက တစုံတရာ မှတ်ချက်ပေး ပြောဆို ခဲ့ခြင်း မရှိဘူး လို့လည်း ဆိုပါတယ်။

နိုင်ငံတကာ ဂျူဒို အဖွဲ့ချုပ် ကတော့ အာရပ် နိုင်ငံတွေက အစ္စရေးနဲ့ ယှဉ်ပြိုင် ကစား တာဟာ ကြီးမားတဲ့ တိုးတက်မှု တခု ဖြစ်တယ်လို့ ပြောပါတယ်။

မဖြစ်မနေ လက်ဆွဲ နှုတ်ဆက် ရမယ်လို့ သတ်မှတ် ထားတာ မရှိပေမယ့် ဦးညွှတ်ဖို့ ကတော့ မဖြစ်မနေ လိုအပ်တယ် လို့လည်း သူက ပြောပါတယ်။

အယ်ရှီဟာဘီက ဦးညွှတ် ခဲ့သလို နောက်ထပ် အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ပြိုင်ပွဲ အပြီး မှာတော့ သူရဲ့ အပြုအမှုကို သုံးသပ် သွားမယ်လို့ နိုင်ငံတကာ ဂျူဒို အဖွဲ့ချုပ်က ပြောပါတယ်။

by DVB

Originally published at - http://burmese.dvb.no/archives/163649

No comments:

Post a Comment