
ဘရာဇီး နိုင်ငံမှာ ကျင်းပ နေတဲ့ အိုလံပစ် ပြိုင်ပွဲမှာ တရုတ် အမျိုးသမီး စက်ဘီး သမား၂ ဦး ဆောင်း ထားတဲ့ ဦးထုတ်ဟာ ပရိသတ်တွေရဲ့ အာရုံကို ဆွဲဆောင် ခဲ့ပါတယ်။
သြဂုတ် ၁၂ ရက် အမျိုးသမီး၂ဦးတွဲ စီးနင်း ယှဉ်ပြိုင်ရတဲ့ စက်ဘီး စီးပြိုင်ပွဲ ဗိုလ်လု ပွဲမှာ ဦးထုတ်မှာ မျက်နှာလိမ်းတဲ့ မိတ်ကပ်နဲ့ ခြယ်သထားတဲ့ အရုပ်ကို လူတွေက စိတ်ဝင် စားခဲ့ကြတာ ဖြစ်ပါတယ်။
တရုတ် စက်ဘီးသမား ၂ ဦးဖြစ်တဲ့ ဂေါင်ဂျင်ဂျေးနဲ့ ဇောင်တင်ရှီး တို့က စက်ဘီးပြိုင်ပွဲ ကနေ ရွှေတံဆိပ် ရယူပေးခဲ့ပြီး ပထမ အချီမှာ ၃၁.၉ ၂၅ စက္ကန့်နဲ့ ကမ္ဘာ့စံချိန်ကို ချိုးဖျက် ခဲ့ပါတယ်။
၂၀၁၂ ခုနှစ် လန်ဒန်အိုလံပစ် မှာတော့ တရုတ်က စက်ဘီး ပြိုင်ပွဲ ကနေ ငွေ ၂၊ ကြေး ၁ ရရှိ ထားခဲ့ ပါတယ်။


by DVB
Originally published at - http://burmese.dvb.no/archives/163686






No comments:
Post a Comment